0

By ဒီဗွီဘီ
14 May 2014

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား တောမီးက အမြန်ရွေ့လျားလာလို့ မေ ၁၃ ရက်နေ့က စန်ဒီယေဂို မြို့ထဲနဲ့ မြို့နားက အိမ်ခြေ ၂ သောင်းကျော်နဲ့ တခြားဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရတယ်လို့ မြို့နယ်အရာရှိတွေနဲ့ မီးသတ်အရာရှိတွေက ပြောပါတယ်။

“လေပြင်းပြီး ၁ စတုရန်းမိုင်အကျယ်လောက် ဒေသအတွင်း မီးခိုးတွေမည်းမှောင်နေလို့ ရာနဲ့ချီတဲ့ မီးသတ်သမားတွေ၊ ရေသယ်ရေဖြန်း မီးသတ်လေယာဉ်တွေက ကူညီပေးနေရတယ်။ ဒဏ်ရာရသူ အစီရင်ခံမှု မရှိသေးဘူး” လို့ ကယ်လီဖိုးနီးယား သစ်တောနဲ့ မီးဘေး ကာကွယ်ရေးဌာန ပြောခွင့်ရက ဆိုပါတယ်။

ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံး မိုးခေါင်မှုတွေထဲက တခုကြောင့် ဘာနာဒိုမီးလေးကနေ ကယ်လီဖိုးနီးယား တောမီးဖြစ်လာခဲ့တာပါ။ ပြည်နယ်အရာရှိတွေကတော့ အန္တရာယ်ရှိတဲ့ နှစ်တနှစ် ဖြစ်လာမှာ စိုးရိမ်နေကြပါတယ်။

မေလ ၁၃ ရက်နေ့အထိတော့ တောမီးကြောင့် အိုးအိမ်ပျက်စီးဆုံးရှုံးမှု မရှိသေးပါဘူး။ ဒေသတွင်းအပူချိန် ၁၀၀ ဒီဂရီ ဖာရင်ဟိုက်ရှိပြီး လေပြင်းတိုက်နေပါတယ်။

ကယ်ဆယ်ရေးစခန်းကိုတော့ ဒေသတွင်း အထက်တန်းကျောင်းတခုမှာ ဖွင့်ပေးထားပြီး လမ်း အတော်များများကို ပိတ်ထားပါတယ်။

Aye Chan Mon# Credit To : DVB
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
1

Post a Comment

 
Top