0

Written by: ဌေးလှအောင်

ကျူးကျော်နေထိုင်သည်ဟုဆိုကာ သက်ဆိုင်ရာမှ အင်အားသုံး ဖယ်ရှားခံခဲ့ရသည့် ပုသိမ်ကြီးမြို့နယ် နှမ်းကြဲကျေးရွာမှ စိမ့်စမ်းရည် ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ မိဘမဲ့ကလေးငယ်များအတွက် သောက်သုံးရေနှင့် အခြားအဆောက်အအုံများ လိုအပ်နေဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ပုသိမ်ကြီးမြို့နယ် သံဃနာယကအဖွဲ့မှ နှမ်းကြဲကျေးရွာရှိ စိမ့်စမ်းရည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအား ကျူးကျော်နေထိုင်သည်ဟုဆိုကာ မေ ၁၆ ရက်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် အင်အားသုံး ဖယ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျူးကျော်နေထိုင်လို့ဆိုပြီး အရင်နေရာကနေ ဒီနေရာလေးကို ရောက်လာတဲ့ အချိန်မှာ အားလုံးကတော့ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ အလှူရှင်တွေ လာရောက်ပြီးတော့ လှူဒါန်းနေတာတွေလည်း ရှိနေပါပြီ။ လက်ရှိ လိုအပ်နေတာကတော့ ကလေးတွေအတွက် သောက်သုံးရေ၊ ပညာသင်ကြားဖို့အတွက် စာသင်ခုံတွေနဲ့ အခြားပရိဘောဂ ပစ္စည်းလေးတွေ လိုအပ်နေပါသေးတယ်” ဟု စိမ့်စမ်းရည် ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းမှ ဆရာတော် ဦးဥတ္တမက မိန့်ကြားသည်။

ဖယ်ရှားခံခဲ့ရသည့် စိမ့်စမ်းရည် ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ မိဘမဲ့ကလေးငယ်များ

ဖယ်ရှားခံခဲရသည့်နေရာအား ၂ဝ၁၂ ခုနှစ်အတွင်းမှ ကျောင်းပိုင်ဆရာတော်၏ ခွင့်ပြုချက်ဖြင့် နေထိုင်ခဲ့ပြီး ယခု ၂ဝ၁၄ ခုနှစ်တွင် ကျူးကျော်နေထိုင်သည်ဟု ဆိုကာ သက်ဆိုင်ရာမှ ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ဆရာတော်က မိန့်ကြားခဲ့သည်။

လက်ရှိအချိန်တွင် အဆိုပါ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ လာရောက်လှူဒါန်းသူများ ရှိနေပြီ ဖြစ်သော်လည်း မြေနေရာ ဝယ်ယူရန်နှင့် အခြားအဆောက်အအုံများ တည်ဆောက်ရန်အတွက် လိုအပ်နေဆဲဖြစ်ပြီး လက်ရှိအဆောက်အအုံများမှာ မိုးဒဏ်လေဒဏ် ခံနိုင်ရည်မရှိကြောင်း သိရသည်။

ဖယ်ရှားခံခဲ့ရသည့် မိဘမဲ့ကလေးငယ် ၁ဝဝ ဝန်းကျင်ခန့်မှာ ဒေသအသီးသီးမှ လာရောက်နေကြခြင်းဖြစ်ကာ ၎င်းတို့မှာ မူလတန်းအဆင့်မှ တက္ကသိုလ်အဆင့်အထိ တက်ရောက် ပညာသင်ကြားနေကြကြောင်း သိရပြီး လက်ရှိနေထိုင်နေရသည့် အဆောက်အဦများမှာ ယာယီအမိုးအကာများသာ ဖြစ်နေသေးပြီး မိုးဒဏ်လေဒဏ် ခံနိုင်သည့် အဆောက်အအုံများ သောက်သုံးရေများနှင့် အခြားလိုအပ်ချက်များလည်း ရှိနေသေးကြောင်း သိရသည်။

ဖယ်ရှားခံခဲ့ရသည့် စိမ့်စမ်းရည် ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ မိဘမဲ့ကိုရင်များအား ယာယီတဲနှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ- ဌေးလှအောင်)

ACM Credit To:Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
2

Post a Comment

 
Top