0

ရန်ပိုင် |ACM Re-Post 26-5-2014

၎ရက်ကြာ ပိတ်ထားသည့် ထိုင်း- မြန်မာနယ်စပ် တရားမ၀င်ဂိတ်များကို ယနေ့နံနက် ၇နာရီတွင် ပြန်လည်ဖွင့်လှစ်ပေး လိုက်ပြီဖြစ်ကြောင်း နယ်စပ်သတင်းများအရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၂ရက်နေ့ ညနေ ၅နာရီမှာ ထိုင်းစစ်တပ်က အာဏာသိမ်းပြီးနောက် နယ်စပ်တလျှောက် တရားမ၀င်ဂိတ်ပေါင်း ၂၂ ဂိတ်ကို ပိတ်လိုက်ခြင်းဖြစ်ပါတယ်။

ဒါပေမယ့် တရားဝင်ဖွင့်လှစ်ထားတဲ့ ချစ်ကြည်ရေး တံတားဂိတ်များကို ပိတ်ပင်ခြင်းမရှိပဲ၊ လူနှင့် ကုန်ပစ္စည်းများ ဖြတ်သန်းသွားလာ ခွင့်ပြုထားပါတယ်။

ဒီလို တရားမ၀င်ဂိတ်များကို ပိတ်လိုက်တာကြောင့် မြန်မာနိုင်ငံဘက် သို့ တင်သွင်းနေသည့် အိမ်ဆောင်ပစ္စည်းနှင့် စက်သုံးဆီများ ၀င်ရောက်မှုမရှိတဲ့အတွက် ဈေးနှုန်းများမှာ အနည်းငယ် တက်သွားတယ်လို မြ၀တီမြို့ခံတဦးက ပြောပါတယ်။

မြ၀တီ နယ်စပ် စီးပွားရေးဇုန်မှ အရာရှိတဦးက “ဒီလို စက်သုံးဆီတို့ အိမ်ဆောက်ပစ္စည်းတို့ ဆိုတာ တံတားပေါ်ကထက် တံတား အောက်က ၀င်တာများတယ်၊ ဘာကြောင့်လည်းဆိုတော့ တံတားရဲ့ ခံနိုင်ရည်အားကြောင့်၊ ဒီပစ္စည်းတွေက အများကြီးသွင်းမရဘူး၊ ဒါကြောင့် အောက်ကနေလာမှ အဆင်ပြေတယ် ”လို့ ပြောပါတယ်။

အာဏသိမ်းထိုင်းစစ်တပ်က တရားမ၀င်နယ်စပ်ဂိတ်များ ပိတ်ထားလိုက်ရခြင်းမှာ ထိုင်းနိုင်ငံရေးသမားများ တဖက်နိုင်ငံများသို့ ကူးဝင် ခိုလှုံခွင့် မရရှိစေရန် ပိတ်ထားလိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ (ဓာတ်ပုံ - အောင်အောင် / ဧရာဝတီ)

Aye Chan Mon Credit To:The Irrawaddy (Burmese Version)
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
 (4 photos)

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top