0

ACM Re-Post 24-4-2014

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရေတပ်မှ စစ်ရေယာဉ် WEIFANG နှင့် ZHENGHE နှစ်စင်းသည် ယနေ့နံနက် ၁၁ နာရီတွင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်း MITT တံတား သို့ ရောက်ရှိလာရာ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်ဦးလွင်နှင့် တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များက ကြိုဆို နှုတ်ဆက်ကြသည်။

အဆိုပါ စစ်ရေယာဉ်များတွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရေတပ်မှ ဗိုလ်ချုပ် Hang Xiao Hu ဦးဆောင်သော အရာရှိ၊ စစ်သည် ၇၂၁ဦး လိုက်ပါ လာပြီး မြန်မာနိုင်ငံ၌ မေ ၂၃ ရက်မှ ၂၇ ရက်အထိ ငါးရက်ကြာ နေထိုင်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ACM Credit To:မြ၀တီ
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top