ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ယနေ့မွန်းတည့်မှ နောက် ၂၄ နာရီအတွင်း မြန်မာနိုင်ငံသို့ဝင်ရောက်နိုင်ဖွယ်ရှိပြီး ၄င်းမုန်တိုင်းမှာ ရခိုင်ကမ်းရိုးတမ်းသို့ ဦးတည်ရွေ့လျားမည်ဟု ခန့်မှန်းကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။
မုန်တိုင်းငယ်သည် ဂွမြို့၏ အနောက်တောင်ဘက်မိုင်(၁၆၀)ခန့်၊ ပုသိမ်မြို့၏အနောက်-အနောက်တောင်ဘက်(၁၅၅)မိုင်ခန့်၊ စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက်(၂၂၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ အဆိုပါမုန်တိုင်းငယ်၏ လက်ရှိ အခြေအနေမှာ လိမ္မော်ရာင်အဆင့်ရှိပြီး၊ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဆီသို့ ဦးတည် ရွေ့လျားသည့် အခြေအနေတွင် ရှိကြောင်း ထုတ်ပြန်ထားပါသည်။
မုန်တိုင်းငယ်၏ အရှိန်ကြောင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ ဧရာတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် နေရာကွက်၍မိုးကြီးနိုင်ကြောင်း သိရပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင်မိုင်(၄၀)မှ(၄၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်း ထုတ်ပြန်ထားပါသည်။
ACM Credit To:Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment