0
နင့်အပေါ် ကလေးတစ်ယောက်လို ခပ်ဆိုးဆိုး
နေတတ်တဲ့ ငါ……
နင့်အပေါ် သဝန်တိုလွယ်တဲ့ စိတ်တွေနဲ့ ခဏခဏ
စိတ်ဆိုး စိတ်ကောက်တတ်တဲ့ ငါ

နင်နဲ့ ပြသနာတွေတက်တိုင်း မျက်ရည်တွေကျ
နေတတ်တဲ့ ငါ……
နင့်ကို အထင်သေးသလို ဆက်ဆံတဲ့သူတွေအပေါ်
ဒေါသဖြစ်နေတတ်တဲ့ ငါ

နင့်ကို ဆုံးရှုံးလိုက်ရမှာကြောက်လို့
တစ်နေ့ထက် တစ်နေ့ နင့်ရဲ့ အချစ်တွေကို ပိုတိုးပီး
လိုချင်နေမိတဲ့ ငါ……

နင့်ကို အရမ်းချစ်လို့………
နင်ဆိုတာ ငါ့ဘဝအတွက် အလိုအပ်ဆုံးသူမို့
နင်နဲ့ပါတ်သက်တဲ့အရာတွေတိုင်းအပေါ်
ငါ ခံစားလွယ်နေတတ်တာပါ ချစ်သူရယ် ……

Khin Myo Aye

Aye Chan Mon# Credit To :Poem> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top