0
ကံကောင်းခြင်းတွေရှိတယ်ဆိုတာကို ယုံကြည်နိုင် တယ်
ဒါပေမယ့် ထိုင် ပြီးစောင့်နေဖို့တော့
မကြိုးစားလိုက်ပါနဲ့။

ကြံ့ခိုင်မှုတွေရှိတယ်ဆိုတာကို ယုံကြည်နိုင် တယ် ဒါပေမယ့်
အားနည်းချက်တွေရှိနေနိုင် တာကိုတော့
မငြင်းဆန်လိုက်ပါနဲ့။

သူတော်ကောင်းရှိတယ်ဆိုတာကို ယုံကြည်နိုင် တယ် ဒါပေမယ့်
သူတော်ကောင်းဟန်ဆောင် တဲ့
သူတွေ ရှိသေးတာကို လည်း မ မေ့ပါနဲ့။

ငွေကြေးက ပျော်ရွှင်ခြင်းတွေကို သယ်ဆောင်ပေးလာနိုင်တယ်ဆိုတာကို ယုံကြည်နိုင် တယ် …ဒါပေမယ့်
အရာရာကို ငွေနဲ့ တန်ဖိုးတော့ မဖြတ်လိုက်ပါနဲ့။

ရိုးသားခြင်းကို ယုံကြည်နိုင် တယ် ဒါပေမယ့်
ရိုးသားသလိုဟန်ဆောင်တတ်တဲ့သူတွေရဲ့ မာယာကို လည်း မေ့မထားလိုက်ပါနဲ့

အောင်မြင်ခြင်းကို ယုံကြည်နိုင် တယ် ဒါပေမယ့် ကျရှုံးခြင်းဟာလည်းအရေးပါတာကို
မမေ့ပါနဲ့။

အချစ်ကို ယုံကြည်နိုင် တယ်
ဒါပေမယ့် ခြောက်ပစ်ကင်း သဲလည်းစင် ဖို့ တော့ မတောင်းဆိုလိုက်ပါနဲ့။

လူ့ဘဝမှာ တန်ဖိုးအရှိဆုံးက မိမိကိုယ်ကိုယုံကြည်တာပဲဖြစ်တယ်။
ဒါပေမယ့် တပါးသူကို တော့
အထင် အမြင် သေးပြီး
မ လေးမစား မလုပ်ဖို့တော့ လိုလိမ့်မယ်…

ငြိမ်းလှဲ့ 

Aye Chan Mon# Credit To : ငြိမ်းလှဲ့  > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
1

Post a Comment

 
Top