0


သတိပေးချက် မလေးရှား (သတင်း)
ကွာလာလမ်ပူမြို့တွင်းပြေးရထား KL MONORAIL အား လက်ရှိ ၂ တွဲ အစား ရထားအသစ် လေးတွဲ ပါ Monorail အဖြစ်ပြောင်းလဲမည်ဖြစ်သောကြောင့် ကွာလာလမ်ပူ ရှိ Monorail ဘူတာ အားလုံး ဧပရယ် ၁၂ နှင့် ၁၃ ရက် ၂ ရက်ပိတ်မည်ဖြစ်ကြောင်း Rapid KL မှ ကြော်ငြာထားသည်။

ထို့ကြောင့် ကွာလာလမ်ပူ မြို့တွင်း သွားလာနေသော မြန်မာနိုင်ငံသားများ ၊ အထူးသဖြင့် Time Square , Lowyat , Bukit Bintang , Pavillion , Sungai Wan , BB Plaza တို့ရှိ Monorail ဖြင့်သွားလာရသော မြန်မာလုပ်သားများ ထိုရက် ၂ ရက်အတွက် ကြိုတင်သတိထားရန်လိုအပ်သည် ။

Monorail မပြေးဆွဲသော အဆိုပါ ၂ ရက်အတွက် Monorail ဂိတ်များအတိုင်း အစဉ်လိုက်ပြေးဆွဲမည့် ဘတ်စကားများ စီစဉ်ထားပေးမည်ဖြစ်ကြောင်း နှင့် ခရီးစရိတ်အဖြစ် Monorail ဘူတာစဉ်များအတိုင်းကုန်ကျမည်ဖြစ်ကြောင်း Rapid KL ခရီးသည်ပို့ဆောင်ရေးကုမ္မဏီမှ ကြော်ငြာထားပါသည် ။

Ref and Photos : Thestar , NST , Metro news.
မလေးရှားရောက်မြန်မာများ Facebook

Aye Chan Mon# Credit To :သူ ဇာ > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
3

Post a Comment

 
Top