တရုတ်နိုင်ငံ ယူဟူကောင်လို့ အမည်တွင်တဲ့ ဖခင်ဟာ သားဖြစ်သူကို
ထမ်းပြီး ၁၈ မိုင်ခရီးကို နေ့တိုင်း ကျောင်းလိုက် ပို့ခဲ့ပါတယ်။ ၁၈ မိုင်ဆိုတာ
ကားနဲ့သွားမယ် ဆိုရင်တောင် အတော်လေးဝေးပါတယ်။
သို့သော်လည်း မိမိ၏ သားလေးကို ပညာတတ်စေချင်တဲ့ အတွက်ကြောင့် သူများ အောက်မကျစေ ချင်တဲ့ အတွက်ကြောင့် ခုလို ပင်ပန်းခံကာ ကျောင်းထားပေးခဲ့တာလို့ သိရပါတယ်။
သားကလေးကို နေ့တိုင်း ၁၈ မိုင်ခရီးပို့ပေးရကျိုး နပ်တယ်ဟု ဆိုရမလား မသိပါဘူး။ သူ၏ သားလေးဟာ အတန်းထဲမှာ အတော်ဆုံး ကျောင်းသားလေး ဖြစ်သည့်အပြင် လိမ္မာဆုံး ကလေးတစ်ယောက် အဖြစ် ဆရာတွေ ချီးမြောက်ခြင်းကို ခံထားရပါတယ်။
လမ်းဆိုးတစ်လှည့် လမ်းကောင်းတစ်လှည့် တောင်ပေါ်မြေပြန့်ကို ဖြတ်ကျော်ကာ သားသမီး ပညာရေးအတွက် ရှေ့တန်းတင် မိမိစားဝတ်နေရေးကို နောက်ကွယ်ပြု ထားတဲ့ တရုတ်နိုင်ငံ ယူဟူကောင်ကို အလွန်ပင် ဂုဏ်ယူမိပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)
Aye Chan Mon# Credit To :YoYarLay > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment