0

ရန်ကုန်၊ ဧပြီ ၁၇

လတ်တလော ဖြစ်ပွားလျက်ရှိသော ဧပြီလ ၁၀ ရက်နေ့က စတင်သည့် အစိုးရ စစ်တပ်နှင့် KIA တို့၏ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများအတွင်း တိုက်ပွဲများ ဖြစ်ပေါ်လာမည်ကို စတင် မဖြစ်ပေါ်မီကပင် MPC အနေဖြင့် ယခုကဲ့သို့ တိုက်ပွဲအရှိန်မြင့် လာမည်ကို သိရှိ၍ မဖြစ်ပေါ်ရန် ကြိုးစား ခဲ့သော်လည်း ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု သက်ရောက်သော သဘောထား မှတ်ချက်ကို MPC အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် ဒေါက်တာ မင်းဇော်ဦးက သုံးသပ် ပြောကြားလိုက်သည်။

““ကျွန်တော်တို့ စပြီး တိုက်ပွဲမဖြစ်ခင်ကတည်းက ဒီလို အရှိန်တက်လာနိုင်တာ လေးတွေ့တဲ့ အခါမှာ ကျွန်တော်တို့ ၀ိုင်းကြိုးစားကြတယ်”” ဟု ဒေါက်တာ မင်းဇော်ဦးက ပြောသည်။

ဒေါက်တာမင်းဇော်ဦး၏ ပြောကြားချက်အရ MPC အနေဖြင့် ကြိုးစားခဲ့သော်လည်း အစိုးရ စစ်တပ်နှင့် KIA တို့၏ တိုက်ပွဲများသည် ဧပြီလ ၁၀ ရက်နေ့မှ စတင်ကာ အရှိန်မြင့် နှစ်ဖက်ထိုးစစ်ဆင်မှုများ ဖြစ်ပေါ်လျက် ရှိသည်။

ယခုအခါ နှစ်ဖက် MPC မှ အစိုးရ နှင့် KIO တို့ဖြင့် တိုက်ပွဲ အရှိန်လျှော့ချ နိုင်ရေး ညှိနှိုင်းလျက် ရှိသည်ဟု ဒေါက်တာမင်းဇော်ဦးက ပြောသည်။

လင်းယုန်

Aye Chan Mon# Credit To : Myanmartandawsint Newspaper> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top