HTC ရဲ့ နောက်ဆုံး ထွက်ရှိ ထားတဲ့ HTC One (M8), Samsung ရဲ့ နောက်ဆုံးထွက် Samsung Galaxy S5 နဲ့ iPhone 5S ယင်း သုံးခုကို Drop Test (အကျခံ စမ်းသပ်မှု) ပြုလုပ်ထားတဲ့ ဗီဒီယိုကို တွေ့လိုက် လို့ပါ။
စမ်းသပ်မှု အရ HTC One (M8) က အကြမ်းခံဆုံး စမတ်ဖုန်း အဖြစ် စံချိန် တင်သွား ပါတယ်။ ဒုတိယက Samsung Galaxy S5 လိုက်ပြီးတော့ နောက်ဆုံး ကတော့ iPhone 5S ဖြစ်ပါတယ်။ ခါး အမြင့်၊ ခေါင်း အမြင့်၊ ခေါင်းအထပ်အမြင့်၊ ၁၀ ပေ အမြင့် အဆင့်လေးခု ပြုလုပ်တာ၊ အဆင့် ၂ ဆင့်မှာတင် အိုင်ဖုန်းက မှန်ကွဲ သွားပါ တယ်။ ခေါးအထပ်အမြင့်ကို ရောက်တဲ့အချိန်မှာ Samsung Galaxy S5 က မှန်ကွဲ၊ အနောက်ကာဗာ လွတ်ပြီး HTC One (M8) ကတော့ ၁၀ ပေ အမြင့် မှာပဲ မှန်ကွဲ ပါတယ်။
ဖုန်း သုံးမျိုး စလုံးက အတွင်း Technical Specification အရ ယနေ့မှာ အမြင့်ဆုံး စမတ်ဖုန်းတွေချည်း ဖြစ်ပြီး အကြမ်းခံမှု ကတော့ စမ်းသပ်ကြည့်မှ သိနိုင်တာ မို့ပါ။ Drop Test တွေ ပြုလုပ်တဲ့ အဖွဲ့အစည်းတွေ မတူ တဲ့ အလျောက် ရလဒ်ကလည်း ကွဲပြားချင် ကွဲပြား ပါတယ်။
ဒီတော့ Mashable ကနေ တစ်ဆင့် မျှဝေထားတဲ့ Drop Text ဗီဒီယိုကို ထပ်ဆင့် မျှဝေ ပေးလိုက် ရပါတယ်။ ရိုးရာလေး စာဖတ်သူတို့ရဲ့ ယင်း ဖုန်း သုံးလုံး အပေါ် အမြင့်များကိုလည်း ကွန်းမင့်ရေးသား ဝေဖန် ပေးနိုင် ပါတယ်။
http://youtu.be/NYgg6RMB6g4
အောင်ခမ်း (ရိုးရာလေး)
.
Aye Chan Mon# Credit To : YoYarLay > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment