မိုးမိုးရွှေစင်
ရန်ကုန် ဧပြီ ၂၀၊ ၂၀၁၄
သင်္ကန်းကျွန်းဈေးမီးလောင်သည့်နေရာတွင် အသစ်ပြန်လည်ဆောက်လုပ်ခဲ့သည့် အောင်ကောင်းကျော်ကုမ္ပဏီသည် တရားဝင်သတ်မှတ်ထားသည့် မြေအောက်ခန်းကားပါကင် (Basement) နေရာများအားကားပါကင်အဖြစ်အသုံးမပြုဘဲ ဆူပါမားကတ်ဖွင့်လှစ်ရောင်းချနေသဖြင့် ဆောက်လုပ်ရေးကန်ထရိုက်တာအချို့ကလည်း အထက်ပါနည်းလမ်းအတိုင်းထပ်မံလုပ်ဆောင်ရန် ပြင်ဆင်လျှက်ရှိကြောင်းသိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ညိုနိုင်းဌာနတွင် အထပ်မြင့်အဆောက်အဦးများ ဆောက်လုပ်ခြင်းကြီးကြပ်သည့်(CQHP) အဖွဲ့တွင်အဆောက်အဦးမျာဆောက်လုပ်ခွင့်တင်သည့်အခါတွင် ကားပါကင်ကို လူနေအိမ်ခန်းတစ်ခန်းလျှင် တစ်စီးနှုန်း၊ဆူပါမားကက်ဖြစ်လျှင် ကြမ်းခင်းဧရိယာ ၂၁၆၀ စတုရန်းပေရှိလျှင် ကားတစ်စီးနှုန်း သတ်မှတ်သည့်အပြင်ဧည့်သည်အတွက် ၂၀ ရာခိုင်နူန်းအပိုဆောင်းနေရာရှိရမည်ဟုတရားဝင်သတ်မှတ်ပြဌာန်းထားသည်။
“လုပ်လို့ရတာပေါ့ သူတို့က ဒီနေရာကိုစယူကတည်းကလေးသောင်းလောက်သုံးထားတာလေ။အားလုံးလုပ်လို့ရတယ်။အဓိကကသိတယ်မဟုတ်လား အပေးအယူရှိထားဖို့ပဲ”ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
သင်္ကန်းကျွန်းဈေးမီးလောင်ကျွမ်းမူဖြစ်ပွားပြီးအဆိုပါနေရာအား အောင်ကောင်းကျော်ကုမ္ပဏီအနေဖြင့်ဆောက်လုပ်ခွင့်ရရှိရေးအတွက်ူ ကြံခိုင်ရေးပါတီနှင့် ယခင်မြို့တော်ဝန် ဦးအောင်သိန်းလင်း၊လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင်ဆွေတို့အား စုစုပေါင်းသိန်းလေးသောင်းခန့်ပေးခဲ့ရကြောင်း အောင်ကောင်းကျော်ဆောက်လုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်ဝေ၏ ကာရာအိုကေတစ်ခုတွင် ပြောကြားခဲ့သည့်အသံဖိုင်အရသိရသည်။
“မြေအောက်ထပ်က ပေ ၃၀ ကားဝင်ပေါက်ဘက်အခြမ်းကို စည်ပင်ကပိုင်တယ်၊ကျန်တဲ့မြေအောက်ထပ်အခြမ်းကိုအောင်ကောင်းကျော်ကပိုင်တယ်။တရားဝင်အရဆိုရင် ကားပါကင်ပဲထားရမယ်။အခုတော့ စည်ပင်ကိုယ်တိုင် အောင်ကောင်းကျော်နဲ့ပေါင်းရိုက်တာဆိုတော့ ကျွန်တော်တို့အတွက်သတင်းကောင်းလို့ပဲမှတ်ယူတယ်။အခုဆိုရင် ကျွန်တော်တို့သူငယ်ချင်းတွေတောင်မြေအောက်ထပ်ကားပါကင်နေရာတွေကို ရောင်းစားဖို့ပြင်နေပြီ။ကျွန်တော်တို့လုပ်တော့မှ ပြဿဿဿနာလာရှာရင်သင်္ကန်းကျွန်းဈေးကို ထောက်ပြလိုက်မှာပဲ”ဟု တစ်ကောင်ဖွားဆောက်လုပ်ရေးမှ အမည်မဖေါ်လိုသူတစ်ဦးကပြောသည်။
သင်္ကန်ကျွန်းဈေး မီးလောင်ပြင်အတွက် ဆောက်လုပ်ခွင့်ရရေး ပေးအပ်ခဲ့ရသည့်လဘ်ငွေပမာဏမှာ ကြံဖွံ့ပါတီအတွက် ပါတီရန်ပုံငွေ သိန်းတစ်သောင်း၊ယခုရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ အား သိန်းတစ်သောင်းငါးထောင်၊ ဦးအောင်သိန်းလင်းအား သိန်းတစ်သောင်းငါးထောင် ဖြင့်စုစုပေါင်း သိန်းလေးသောင်းပေးအပ်ခဲ့ရကြောင်းလည်း အောင်ကောင်းကျော်ကုမ္ပဏီအုပ်စု၏ ဥက္ကဌဖြစ်သူ ဦးကျော်ဝေ၏ ကာရာအိုကေခန်းပြောကြားချက်အသံဖိုင်အရသိရသည်။
သူရိယနေ၀န်း Vol 1, No.23 စာမျက်နှာ ၁၈
Aye Chan Mon# Credit To : Scientist Myanmar > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment