0

Sunday, April 27, 2014

ရေတသွင်သွင် စီးဆင်းနေတဲ့ မြစ်တစင်းထဲ မီးလောင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလားလို့ တွေးကောင်း
တွေးနိုင်ပါတယ်။ တကယ်ပဲ မြစ်တစင်းထဲမှာ မီးအကြီးအကျယ်တောက်လောင်ခဲ့ပါတယ်။

ဖြစ်စဉ်ကတော့ ISIS လို့ အမည် ရ တဲ့ အကြမ်းဖက်သမားတွေက ဘဂ္ဂဒက်မြို့မြောက်ဘက် တီကရစ် အရပ်နားမှာ တိုက်ဂရစ်မြစ်ကို ဦး တည် သွယ်တန်းထားတဲ့ ရေနံပိုက် လိုင်းတွေကို ဖောက်ခွဲဖျက်ဆီးလိုက် လို့ ဧပြီလ ၁၇ ရက်နေ့က အွန်လိုင်းပေါ် ရောက်လာတဲ့ တိုက်ဂရစ်မြစ်ထဲက မီးလောင်မှုဟာ ကြောက်ခမန်း လိလိ ပါ။

ရေနံပိုက်လိုင်းတွေ ဖောက်ခွဲဖျက်ဆီးလိုက်တဲ့အတွက် မြစ်ရေပေါ် ယိုလျှံထွက်လာတဲ့ ရေနံတွေကို မီးလောင် ကျွမ်းခဲ့တာဖြစ်ပါတယ်။

အီရတ်ပြည်ထဲရေး ဝန်ကြီးကတော့ အဲဒီအခြေအနေကို ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

တိုက်ဂရစ်မြစ်ဆိုတာ အာရပ်ကမ္ဘာထဲ နာမည်ကြီး မြစ်တစင်းလည်းဖြစ်သလို တူရကီ၊ အီရန်နဲ့ အီရတ်နိုင်ငံတွေကို ဖြတ်သန်းစီးဆင်းနေတာလည်း ဖြစ်ပါတယ်။

Aye Chan Mon# Credit To : ဧရာဝတီ > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
1

Post a Comment

 
Top