ကွာလာလမ်ပူ ၊ ၂၄-၄-၂၀၁၄
လက်နက်ကိုင် ပင်လယ်ဓားပြ အုပ်စု တစ်စုသည် မလေးရှား ကမ်းလွန်တွင် ဂျပန် လောင်စာဆီတင် သင်္ဘောတစ်စီး ကို ၀င်ရောက် စီးနင်းခဲ့ပြီး ၄င်းသင်္ဘောပေါ်မှ သင်္ဘောသား ၃ ဦးကို ပြန်ပေးဆွဲ ခဲ့ကြောင်း ၊ ထို ဖြစ်စဉ်သည် ကမ္ဘာ့ ပင်လယ်ရေကြောင်း ဆိုင်ရာ ကုန်သွယ်မှုကို ခြိမ်းခြောက် လာနိုင်ကြောင်း မလေးရှား ရေကြောင်းဆိုင်ရာ အာဏာပိုင် အဖွဲ့က ပြောကြား ခဲ့သည်။
ဖြစ်ပွားပုံမှာ ပင်လယ်ဓားပြ ၆ ဦးသည် ယမန်နေ့ နံနက် ၁ နာရီခန့်က မလေးရှား အနောက်ဘက် ကမ်းလွန်တွင် Naninwa Maru 1 အမည်ရှိ လောင်စာဆီတင် သင်္ဘောအား စီးနင်း တိုက်ခိုက်၍ ဒီဇယ်ဆီ လီတာ ၅ သန်းမှ ထက်ဝက်ကျော် ကို လုယက် ယူငင်သွားပြီး သင်္ဘောသား ၃ ဦးကိုပါ ဖမ်းဆီး သွားခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသော သင်္ဘောသား များမှာ အင်ဒိုနီးရှား နိုင်ငံသားများ ဖြစ်ပြီး ၄င်းသင်္ဘော ပေါ်၌ အင်ဒိုနီးရှား ၊ ထိုင်း ၊ မြန်မာ နှင့် အိန္ဒိယ နိုင်ငံမှ သင်္ဘောသားများ လိုက်ပါကြောင်း သိရသည်။ အဆိုပါ ဂျပန် လောင်စာဆီတင် သင်္ဘောသည် စင်ကာပူ နိုင်ငံမှ မြန်မာနိုင်ငံ သို့ ဦးတည် ခုတ်မောင်း လာခြင်း ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ ပင်လယ်ရေကြောင်း ဆိုင်ရာ ဆီကုန်သွယ်မှု အဓိက ရေကြောင်း ဖြစ်သည့် မလက္ကာ ရေလက်ကြား တွင် ဖြစ်ပွား ခဲ့သော ယင်း ဓားပြတိုက်မှု သည် ၄င်း ရေလက်ကြား အတွင်း ကုန်သွယ်ရေး အပေါ် စိုးရိမ် ပူပန်မှုကို ဖြစ်ပေါ်စေပြီး ရေကြောင်း ဆိုင်ရာ ကုန်သွယ်မှု နှင့် ပတ်သက်၍ အာမခံကြေး များ ထားရှိ သင့်ကြောင်း ရဲမှူး အက်ဒူရယ် အေဇစ်ဇ်ယုဆော့ဖ် က ပြောကြား ခဲ့ကြောင်း သိရှိရသည်။
The Myawady Daily via Pyi Chit thar
Aye Chan Mon# Credit To : Thit Htoo Lwin blog > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.