0


၁၉၈၈ လူထုအရေးတော် ပုံ ကာလမတိုင်မီကတည်းက တစ် ပါတီအာဏာရှင်များကို ဆန့်ကျင်ခဲ့ သူ ၁၉၈၈ အရေးတော်ပုံကာလမှ သည် နောက်ဆုံးကွယ်လွန်ချိန်အ ထိ ပြည်ထောင်စု မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီစနစ် ထွန်း ကားရေးနဲ့ အာဏာရှင်စနစ် အပြီး သတ်ချုပ်ငြိမ်းရေးအတွက် သံမဏိ နှလုံးသားနဲ့ ရဲဝံ့စွာရပ်တည်ခဲ့သူ ဆရာကြီး ဟံသာဝတီဦးဝင်းတင် ဟာ ဧပြီလ ၂၁ရက်နေ့ နံနက် ၆နာရီ ၃၀မိနစ်မှာ ကွယ်လွန်ခဲ့ရှာ ပြီပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီရေး အတွက် ပြတ်သားတဲ့ခံယူချက်နဲ့ ခိုင်မာတဲ့မူဝါဒတွေကို စွဲကိုင်ခဲ့တဲ့ ဆရာကြီးဦးဝင်းတင်က အာဏာ ရှင်စနစ်ကို အမြစ်ကလှန်ချိုးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်မှာ စည်းစည်းလုံးလုံး ၀ိုင်းပြီးရပ်တည် ပေးစေချင်တဲ့ဆန်္ဒရှိခဲ့တယ်လို့ ဦး ၀င်းတင်နဲ့ အစဉ်အမြဲအနီးကပ်ရှိနေ ခဲ့သူ ဦးဇော်မျိုးအောင်က ပြောပါ တယ်။

နောက်ဆုံးတိုက်ပွဲလို့ ဦး ၀င်းတင်က ခေါ်ဆိုတဲ့ ၎င်းင်းရဲ့ ဆန်္ဒ သဘောထားနဲ့ အမှာစကားကို ၈၈ မျိုးဆက် ခေါင်းဆောင်တွေဆီ ဆရာကြီးဦးဝင်းတင်က အမှာ စကားပါးခိုင်းခဲ့တယ်လို့ လည်း ဦးဇော်မျိုးအောင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်း အလဲအလုပ်ကို လုပ်မှဖြစ်မယ်လို့ မကွယ်လွန်မီ ဆရာကြီးဦးဝင်းတင် ကပြောခဲ့ကြောင်း ဦးဇော်မျိုးအောင် က ပြောပါတယ်။

ဆေးရုံမှာ တက်ရောက် ကုသမှုခံယူစဉ်မှာ ဒေါ်အောင်ဆန်း စုကြည် လာရောက်သတင်းမေး အားပေးခဲ့တာကို ဆရာကြီး ဦးဝင်းတင်အနေနဲ့ ၀မ်းသာအားရ ကျေနပ်မှု ဖြစ်ခဲ့တယ်လို့လည်း ဦးဇော်မျိုးအောင်က ပြောပါတယ်။

ရောဂါခံစားနေရလို့ စကားမပြောနိုင် တဲ့ကြားက ဒေါ်အောင်ဆန်းစု ကြည် ဒုတိယမြောက် လာရောက် အားပေးပြီး ပြန်ကာနီးမှာ ဆရာ ကြီးဦးဝင်းတင်က
““ဗိုလ်ချုပ် အောင်ဆန်း မှာ သားသမီးသုံးယောက်ရှိတဲ့ အထဲက အငယ်ဆုံးသမီးကဖခင် ဗိုလ်ချုပ်ခြေရာကိုနင်းမယ့်သူ””လို့ ပီပီသသနောက်ဆုံးပြောကြားခဲ့ကြောင်း ကိုလည်း ဆရာကြီးဦးဝင်းတင်ကို အနီးကပ်စောင့်ရှောက်နေတဲ့ ဦး ဇော်မျိုးအောင်က ပြန်ပြောပြပါ တယ်။

ဆရာကြီး ဦးဝင်းတင်က သူတည်ထောင်ထားတဲ့ ဦးဝင်းတင် ဖောင်ဒေးရှင်းလုပ်ငန်းတွေကို ဆက် လက်လုပ်ဆောင်ဖို့ ဖောင်ဒေးရှင်းက အကူအညီပေးနေသူတွေကို ဆက် လက်အကူအညီပေးကြဖို့ မိမိကို မှာသွားတယ်လို့ လည်း ဆရာကြီး ဦးဝင်းတင်ရဲ့ကျန်းမာရေးကို စောင့် ရှောက်ပေးနေတဲ့ မိသားစုဆရာဝန် ကြီး ဒေါက်တာ မြင့်သိန်းက ပြော ကြောင်းလည်း သိရှိရပါတယ်။

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ ဈာပန အခမ်းအနားကိုတော့ ၂၃-၄-၂၀၁၄ ဗုဒ်္ဓဟူးနေ့ ညနေ ၅နာရီ အချိန် ရေဝေးသုသာန်မှာ ဂူသွင်း သွားမှာဖြစ်ကြောင်းသိရှိရပါတယ်။

24-4-2014 နေ့ထုတ် The First Weekly News Journal မှ

Aye Chan Mon# Credit To :Thit Htoo Lwin blog > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
2

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top