0
ငါ ပြုံးနေတတ်တဲ့အပြုံးတွေရဲ့ နောက်ကွယ်မှာ
နင့်ကို သတိရနေတတ်တဲ့စိတ်တွေ ရှိနေခဲ့တယ်ဆိုတာ
ဘယ်သူမှမသိဘူး

ပျော်နေပါတယ်ဆိုတဲ့ ငါ့ ပျော်ရွှင်မှုတွေရဲ့ နောက်ကွယ်မှာ
နင့်ကို အရမ်းလွမ်းနေမိတဲ့စိတ်တွေကို ဖုံးကွယ်ထား
ခဲ့တယ်ဆိုတာ ဘယ်သူမှမသိဘူး

အဆင်ပြေသလို နေနေတတ်တဲ့ ငါ့အပြုအမူတွေရဲ့ နောက်ကွယ်မှာ နင့်ကိုမေ့နိုင်ဖို့အတွက်အားတင်း
နေရတယ်ဆိုတာကို ဘယ်သူမှ မသိခဲ့ပါဘူး

ဒီလိုပါပဲ …တစ်ခါတလေမှာ
ပျော်သလိုနေနေရတဲ့ လူတစ်ယောက်ရဲ့
ရင်ထဲမှာ နာကျင်မှုတွေ ဘယ်လောက်ထိရှိနေမယ်
ဆိုတာကို မသိနိုင်တာလဲ မထူးဆန်းပါဘူးလေ

Khin Myo Aye

Aye Chan Mon# Credit To : Poem > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
1

Post a Comment

 
Top