0


ရန်ကုန်၊ ဧပြီ ၆။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်သူများကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို လူထုလှုပ်ရှားမှုကော်မတီက ဦးစီး၍ ယနေ့နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ ၈မိုင်ရှိ ပေါက်မြိုင်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။

“၂ဝဝ၈ ဖွဲစည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တစ်နိုင်ငံလုံးက ဆန္ဒထုပ်ဖော်နေသူတွေနဲ့ ပိုပြီးအချိတ်အဆက် ခိုင်မာလာအောင် ပြုလုပ်တာဖြစ်ပါတယ်”ဟု လူထုလှုပ်ရှားမှု ဖော်ထုတ်ရေး တာဝန်ခံ ဦးကိုကိုလေးကပြောသည်။

ဂုဏ်ပြုမှတ်တမ်းလွှာများကိုမြန်မာတစ်နိုင်ငံလုံးတွင်ရှိသောမြို့ပေါင်း(၅၉)မြို့နယ်ရှိလူထုလှုပ်ရှားသူများ၏ ကိုယ်စားလှယ်များအား ပေးအပ်ခဲ့သည်။

ထို့အပြင် မြို့နယ်ပေါင်းစုံမှ တက်ကြွစွာ လှုပ်ရှားပါဝင်ခဲ့သူများအား Online မိသားစုမှဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ခဲ့သည်။

“အခြေခံဥပဒေပြင်ဆင်ရန်ဆန္ဒထုတ်ဖော်သူများကိုလေးစားပါတယ်၊ အခုလိုဂုဏ်ပြုခွင့်ရတဲ့အတွက် လည်း ဝမ်းသာပါတယ်”ဟု Online မိသားစုမှ ကိုကျော်ကျော်ထွန်းကပြောသည်။

အဆိုပါဂုဏ်ပြုမှတ်တမ်းပေးအပ်ပွဲကို ပထမအကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး နောက်နောင်တွင် ဆက်လက်ပြုလုပ်မည်ကြောင်း သိရသည်။

ပြည်ဟိန်း

Aye Chan Mon# Credit To :http://www.mmanewsagency.com/ > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top