0


ရန်ကုန်၊ဧပြီ ၂၇။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့်သတင်းထောက်များအား ပုဒ်မ(၁၈)ဖြင့် ဖမ်းဆီအရေးယူခြင်းနှင့် ပတ်သက်၍ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊
အနော်ရထားလမ်း၊ယူအီး(၁)ရပ်ကွက်၊မကွေးပရိယတ္တိစာသင်တိုက်၊အရှင်ပါမောက္ခမှ ဧပြီ ၂၇ ရက်က ရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့သည်။

“ ဒီနေ့လုပ်တဲ့ကိစ္စက ဦးဝင်းချို၊ဦးနေမျိုးဇင်၊DVB သတင်းထောက်ကိုဇော်ဖေ ၊ယူနတီဂျာနယ်အမှုဆောင် ဦးတင်ဆန်းနဲ့သတင်းထောက်ကိုစည်သူစိုး၊ကိုပိုင်သက်ကျော်၊ကိုသဲရာဇာဦး၊ကိုလူမော်တို့ကိုဖမ်းဆီးတရားစွဲတဲ့လုပ်ရပ်တွေဟာ လုံးဝမတရားတဲ့
လုပ်ရပ်ပဲဖြစ်တယ် ဒီမိုကရေစီနိုင်ငံဆိုတာ လွတ်လပ်စွာသတင်းယူခွင့်ရှိသလို လွတ်လပ်စွာစီတန်းလှည့်လည်ခွင့်လည်းရှိတယ်။မတရားတဲ့ ဥပဒေမှာ
စစ်ဆေးပြီးတော့ မတရားတဲ့အပြစ်တွေ ချမှတ်ခဲ့တယ်။ဒါကြောင့် ဦးဇင်းအနေနဲ့မတရားတဲ့သူကြီးလို့ခေါ်ဝေါ်ပြောဆိုရခြင်းဖြစ်ပါတယ်။ဘယ်လို့နှိုင်းယှဉ်
ပြောရမလဲဆိုရင် ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေတယ်လို့ပြောရမယ်၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ဖို့အရမ်းကို အရေးကြီးနေပါပြီ။ မီဒီယာဥပဒေကိုလည်း သက်ဆိုင်ရာဌာနတွေအားလုံး လေးစားလိုက်နာသင့်ပါတယ်”ဟု မကွေးပရိယတ္တိစာသင်တိုက်ဆရာတော် အရှင်ပါမောက္ခမှမိန့်ကြားခဲ့သည်။

မြန်မာလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအသင်း၊တောင်သူလယ်သမားအကျိုးဆောင်ကွန်ရက်၊ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်၊ မိတ္ထီလာပြည်သူ့ အကျိုးဆောင်ကွန်ရက်၊နတ်တလင်းပြည်သူ့အကျိုးဆောင်ကွန်ရက်၊တို့သည်။ ၂၇.၄.၂၀၁၄ ရက်က အာဏာပိုင်အဖွဲ့အစည်းများ မှနိုင်ငံရေး
တက်ကြွလှုပ်ရှားသူများနှင့် သတင်းမီဒီယာများအား မတရားဖမ်းဆီး အရေးယူမှုများအား ကန့်ကွက်ကြောင်းသဘောထားထုတ်ပြန်ခဲ့သည်။

၎င်းသဘောထားထုတ်ပြန်ချက်မှာ (၁)မတရားဖမ်းဆီးခြင်းဟုသတ်မှတ်သည်၊(၂)ဒီမိုကရေစီစနစ်ကို ဖျက်ဆီး နေခြင်းအဖြစ်သတ်မှတ်သည်၊
(၃)ပြည်သူတို့၏နားမျက်စိကို ဖျက်ဆီးခြင်းဟု သတ်မှတ်သည်၊(၄)ပြည်ထောင်စု အစိုးရတွင် တာဝန်ရှိသည်ဟု သတ်မှတ်သည်၊(၅)တရားစီရင်ရေးကို
အုပ်ချုပ်ရေးပိုင်းမှလွှမ်းမိုးသည်ဟု သတ် မှတ်သည်။(၆)ပြည်သူတို့အတွက် ဘဝကိုရင်း၍အလုပ်လုပ်ပေးသော သတင်းထောက်များနှင့်၎င်းတို့၏မိသားစု
များကို အလေးအနက်ဂုဏ်ပြုသည်။(၇)သတင်းထောက်များကို မတရားဖမ်းဆီးစစ်ဆေးထောင်ချနေမှုများကို ချက်ခြင်းရပ်တန့်၍ဖမ်းဆီးချုပ်နှောင်ထား သူများကို ခြွင်းချက်မရှိလွှတ်ပေးရန်တောင်းဆိုသည်။ (၈)သတင်းမီဒီယာများကို ဖိနှိပ်နေသည့် ပြည်ထောင်စုအစိုးရ၊တိုင်းဒေသကြီးအစိုးရနှင့် ဥပဒေပြုရေး၊ တရားစီရင်ရေး၊အုပ်ချုပ်ရေးမဏ္ဍိုင်(၃)ရပ်မှ ပါဝင်ပတ်သက်သူများကို ပြင်းထန်စွာရှုတ်ချလိုက်သည်။

ယင်းနောက် မကွေးပရိယတ္တိစာသင်တိုက်ဆရာတော်အရှင်ပါမောက္ခသည် ၃၁.၅.၂၀၁၄ရက်အထိ တစ်စုံတစ်ရာ ထူးခြားမှုမရှိပါက လွှတ်တော်အထိ
သွားရောက်တင်ပြမည်ဖြစ်သည်။၎င်းအစီစဉ်အားအရှင်ပါမောက္ခတစ်ဦးထဲကပဲ လုပ်ဆောင်သွားမည့်ဖြစ်ပြီး အဖွဲ့အစည်းများမှ လိုက်ပါမည်ဆိုရင်လည်း
လိုက်ပါနိုင်ကြောင်း မည်သူမှလိုက်ပါခြင်းမသိပါက တစ်ဦးထဲသာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်မင်းထွန်း

Aye Chan Mon# Credit To : http://www.mmanewsagency.com/ > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top