0

မနက်ဖန်မှာ တို့ တွေ ဘာဖြစ်မယ်ဆိုတာ ကြိုမသိနိုင်သလို အနာဂါတ်ကိုလည်း ကြိုမမြင်နိုင်ဘူး။ ဒါပေမယ့် ကြိုတင်မျှော်တွေးမှုတော့
ရှိရမှာပေါ့။ ဒီကနေ့ မှာ အဆင်မပြေတာတစ်ခုက မနက်ဖန်အတွက် ကောင်းတဲ့သင်ခန်းစာတစ်ခု ဖြစ်ဖို့ တော့ လိုတယ်။
စိတ်ဖိစီးမှုတွေ များနေလည်း မင်း ပြုံးနိုင်အောင်ကြိုးစားထာရင် အားလုံးအဆင်ပြေသွားမှာပါ။ ဒီအပြုံးကနေ ခွန်အားတွေ မွေးဖွား
လာလိမ့်မယ်၊ ဒီအပြုံးက လူအများရဲ့အမုန်းတွေကို ချေဖျက်နိုင်လိမ့်မယ်။ လောကမှာ ပြုံးနိုင်သူဟာ တနည်းအားဖြင့် အောင်နိုင်သူပါ
ပဲ။ မင်း ယုံလိုက်ပါ။
မင်းတို့ ရဲ့ စိတ်တွေကို လွတ်လပ်မှု ခဏတာလေးပေးချိန်မှာ မင်းတို့ ဟာ လောကကို တွန်းတိုက်ဖို့ တောင် အားတွေရှိနေပါလိမ့်မယ်။
မနက်ဖန်ရဲ့ မျှော်လင့်ချက်လေးတွေနဲ့  အရှိန်အဟုန်ကောင်းကောင်းဖွင့်ပြီး ပျံသန်းလိုက်ပါ။ ပျံသန်းတဲ့ငှက် လေတိုးတာတော့ ခံရစမြဲပါ။
လျှောက်တဲ့ ခြေထောက် ခေါက်တတ်တာ မဆန်းပါဘူး။ တောတိုးလို့  ဆူးနင်းမိတာလည်း မဆန်းပါဘူး။ ဒီလိုပဲ အလုပ်လုပ်လို့ အမှား
ဖြစ်တာလည်း မဆန်းပေ။ အရမ်းလေးလံလာတဲ့အခါ ပွေ့ ပိုက်ထားရတဲ့ စိတ်တွေကို လွှတ်ချလိုက်ပါ။ ပါးစပ်ကနေ လေလေးတွေ ညင်
သာစွာ မှုတ်ထုတ်ပြီး နှုတ်ဖျားကဖြည်းဖြည်းလေး ရေရွတ်ကြည့်လိုက်ပါ၊ " အဆင်ပြေသွားမှာပါ" လို့ ။ ဒီစကားလုံးဟာ မင်းအတွက် အား
တိုးဆေးပါပဲ။
True Man

Aye Chan Mon# Credit To : ဘဝစာမျက်နှာ > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
1

Post a Comment

 
Top