မေလကုန်မှာ နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ILO က ဦးစီး ပြုလုပ် ကျင်းပမယ့် ၁၀၃ ကြိမ်မြောက် နိုင်ငံတကာ အလုပ်သမား ညီလာခံကို တက်ရောက်ဖို့အတွက် အလုပ်သမား ကိုယ်စားလှယ် အဖွဲ့ကို ရွေးချယ်ရာမှာ အငြင်းပွားစရာ ဖြစ်နေပါတယ်။
အစိုးရ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနက အလုပ်သမား သမဂ္ဂတွေဆီကို ဆက်သွယ်ပြီး အလုပ်သမား ကိုယ်စားလှယ်တွေ ပေးဖို့ စာရင်းတောင်းထားပါတယ်။ အဲဒီအလုပ်သမား သမဂ္ဂတွေထဲမှာ လုပ်ငန်းရှင်တွေက ဟန်ပြဖွဲ့ထားတဲ့ အလုပ်သမား သမဂ္ဂတွေလည်း ပါဝင်ပါတယ်။
အဲဒီ ကိုယ်စားလှယ်တွေ ထဲကနေ အစိုးရက ထပ်မံ ရွေးချယ် စေလွှတ်မယ့် အလုပ်သမား ကိုယ်စားလှယ်ဟာ အစိုးရနဲ့ နီးစပ်သူ အစိုးရအကြိုက် ရွေးချယ်ထားသူတွေသာ ဖြစ်မှာကို အလုပ်သမားတွေနဲ့ အလုပ်သမားအရေး တက်ကြွ ဆောင်ရွက်သူတွေက စိတ်ပူနေကြပါတယ်။
အလုပ်သမား အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေး တာဝန်ခံ မအိရွှေစင်ညွန့်ကတော့ ၂၀၁၃ ခုနှစ်တုန်းက အိုင်အယ်လ်အိုက လုပ်ခဲ့သလို အလုပ်သမား ညီလာခံ ခေါ်ယူပြီး ကိုယ်စားလှယ်တွေကို ရွေးချယ်စေချင်တယ်လို့ ဆိုပါတယ်။
နိုင်ငံတကာ အလုပ်သမား ညီလာခံမှာ တက်ရောက်သူ ကိုယ်စားလှယ်အဖွဲ့ဟာ သက်ဆိုင်ရာ နိုင်ငံမှာ ရှိတဲ့ အလုပ်သမား အခွင့်အရေး အခြေအနေ၊ အလုပ်သမား ဥပဒေ အခြေအနေတွေကို ပြောဆို ဆွေးနွေးကြမှာ ဖြစ်တဲ့အတွက် အရေးပါတဲ့ ကိုယ်စားလှယ်အဖွဲ့ ဖြစ်ပါတယ်။
Aye Chan Mon# Credit To : BBC Burmese > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Home
»
ပြည်တွင်းရေး
» ၁၀၃ ကြိမ်မြောက် နိုင်ငံတကာ အလုပ်သမား ညီလာခံကို တက်ရောက်ဖို့အတွက် အလုပ်သမား ကိုယ်စားလှယ် အဖွဲ့ကို ရွေးချယ်ရာမှာ အငြင်းပွားစရာ ဖြစ်နေ
Subscribe to:
Post Comments (Atom)
Post a Comment