0
အမေရိကန်နိုင်ငံ တက္ကဆက် ပြည်နယ်က ရှေးဟောင်း မြစ်တစ်စင်းရဲ့ ကြမ်းပြင် ရွှံ့နွံတွေထဲမှာ ထင်ကျန်ရစ်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် သန်းပေါင်း ၁၁၀ ကျော်က ဒိုင်နိုဆော နှစ်ကောင်ရဲ့ ခြေရာတွေကို သိပ္ပံပညာရှင်တွေက ဒစ်ဂျစ်တယ်နည်းနဲ့ ပြန်လည် ပုံဖော်ခဲ့ပါတယ်။

အဲဒီ မြစ်ကြမ်းပြင်က ခြေရာတွေ အားလုံးကို လွန်ခဲ့တဲ့ နှစ် ၇၀ တုန်းကတည်းက အပိုင်းလိုက် ဖြတ်ထုတ်ခဲ့ပြီး လေ့လာဖို့အတွက် နေရာ အသီးသီးကို သယ်ဆောင်ခဲ့ကြပြီး ဖြစ်ပါတယ်။

အဲဒီအချိန်က ဖြတ်ထုတ်ခဲ့တဲ့ တချို့အပိုင်းတွေ ပျောက်ဆုံးခဲ့ပေမယ့် အခု ဒစ်ဂျစ်တယ် ပုံစံကို ပြန်တည်ဆောက်ရာမှာ ဓာတ်ပုံအဟောင်းတွေကိုပါ မှီငြမ်းပြီး တည်ဆောက်ခဲ့တာလို့ ဆိုပါတယ်။

ဒီခြေရာတွေဟာ ဒိုင်နိုဆော တစ်ကောင်က အခြား တစ်ကောင်ရဲ့ နောက်ကို လိုက်လံဖမ်းဆီးနေတဲ့ ခြေရာတွေ ဖြစ်ပါတယ်။

Aye Chan Mon# Credit To : BBC Burmese > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top