Q. ၀ါဒမှိုင်းမမိအောင် မှန်ကန်တဲ့သတင်းအချက်အလက်တွေကို ရရှိဖို့က အရေးကြီးပါသလားဆရာ။
A. ၀ါဒမှိုင်းမမိအောင် ပွင့်လင်းမြင်သာမှုက အဓိကကျတယ်။ ပွင့်လင်းမြင်သာမှုမရှိတဲ့အခါ၊ သတင်းအချက်အလက် နောက်ကျတဲ့အခါမှာ အားလုံးက ကောလာဟလမှိုင်းအောက်ကို ပါသွားတယ်။ ပွင့်လင်းမြင်သာမှု မရှိခြင်းဟာ ၀ါဒမှိုင်းတိုက်ဖို့အတွက် အလွယ်ဆုံးပြဿနာပဲ။ ပွင့်လင်းမြင် သာမှုရှိဖို့လိုတယ်။ အချိန်တိုအတွင်းမှာ လူကြားထဲကို သတင်းအမှန်ရောက်ဖို့ လိုတယ်။ ဒါဆိုရင် ကောလာဟလနဲ့ ၀ါဒမှိုင်းကို တားလို့ရတယ်။
Q. ဒီမိုကရေစီနိုင်ငံမှာ ပြည်သူတွေကို မှန်ကန်တဲ့သတင်းအချက်အ လက်တွေပေးနိုင်ဖို့အတွက် မီဒီယာတွေရဲ့အခန်းကဏ္ဍက ဘယ်လောက် အထိ အရေးကြီးပါသလဲဆရာ။
A. မီဒီယာတွေရဲ့အခန်းကဏ္ဍက လုံးဝအရေးကြီးတယ်။ လူတွေဟာ လူ့ဘ၀မှာ မွတ်သိပ်မှု(၃)ခုရှိတယ်။ (၁)ကတော့ မေတ္တာတရားကို မွတ်သိပ်တယ်။ (၂)ကတော့ အစားအစာကို မွတ်သိပ်တယ်။ (၃)ကတော့ လွတ်လပ်မှုကို မွတ်သိပ်တယ်။ လွတ်လပ်မှုကို မွတ်သိပ်တယ်ဆိုတာက သတင်းအချက်အလက်တွေကို မှန်မှန်ကန်ကန် သိခွင့်ရရင် သူ့စိတ်ထဲမှာ ဘာအချုပ်အနှောင်မှ မရှိတော့ဘူး။ သူက မှန်မှန်ကန်ကန် သိခွင့်ရ တယ်လေ။ လူတွေအတွက် သတင်းဆိုတာက မွတ်သိပ်မှုတစ်မျိုးပဲ။ မနက်ဆို ရင် ထမင်းစားတဲ့လူတစ်ယောက်လို မနက်တိုင်း သတင်းစာဖတ်ချင်လာ တယ်။ ဒါကြောင့် ဒီမိုကရေစီခေတ်မှာ သတင်းမီဒီယာဟာ အရေးကြီးဆုံးပဲ။ ဒီမိုကရေစီစနစ်ကြီးကို တကယ်တမ်း ပဲ့ပြင်ထိန်းကျောင်းပေးတာက မီဒီယာပဲ။
“ပြောသမျှကို ခေါင်းညိတ်တတ်တဲ့သူက မှိုင်းမိနေတဲ့သူပဲ၊ ခေါင်းဆိုတာက ညိတ်ဖို့ထားတာမဟုတ်ဘူး၊ စဉ်းစားဖို့ထားတာ၊ တွေးခေါ်ဖို့ထားတာဆိုတဲ့ ဦးဘုန်း(ဓာတု)နှင့် တွေ့ဆုံခြင်း”
Eternal Light Magazine
April 2014
“လူငယ်နှင့် ၀ါဒမှိုင်း
Aye Chan Mon# Credit To : Eternal Light Magazine > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment