“ဘဘလေသိပ်ဝမ်းနည်းတာပေါ့။မနက်ကဘဘအိပ်နေတုန်း မှာပဲ စိုးဝင်းငြိမ်းက ပန်းချီဆရာလေဖုန်းဆက်တယ်တဲ့။ နောက်၉နာရီထိုးခါနီးလောက်ကျတော့ ဘဘကို ကိုဝင်းတင်ဆုံးပြီလို့ အသိပေးတဲ့ဖုန်းထပ်ဝင်လာတယ်။ ၉နာရီလောက်ကျတော့ အဘက ဖုန်းဆက်တယ်။ကွန်ဖန်းဖြစ်ချင်လို့ပါ။ ဒီသတင်းကိုလေ။ အဘကဟိုက်ခနဲ ဖြစ်သွားတာပေါ့။ အဘနဲ့က တသက်လုံးလက်တွဲလာတဲ့ သတင်းဆရာတွေဆိုတော့လေ။ သူနဲ့အဘကလက်တွဲပြီးတော့နောက်ပြီးတော့မူဝါဒတစ်ခုတည်း အောက်မှာ ဘဘတို့တွေ က အလုပ်လုပ် လုပ်လာခဲ့တဲ့သူတွေ၊ စိတ်တူကိုယ်တူတွေပေါ့။ ဘဘစာအုပ်တွေဆိုရင်လည်း အမှာစာတွေ သူရေးပေးတာ။ အခုနောက်ဆုံး ရေးပေးတဲ့ အမှာစာ ကလည်းလေ ထုတ်တောင်မထုတ်ရသေးဘူး။ တိုက်ပွဲဝင် သတင်းစာတဲ့။ အဲဒီအတွက် သူ့အမှာစာ ရေးပေးပြီးသွားပြီ။ နောက်တစ်ခုက သူနဲ့စိတ်တူကိုယ်တူ လုပ်လာတယ်ဆိုတာက သတင်းစာ လုပ်ကြတာ။ သူကကြေးမုံမှာ လုပ်တယ်။ အဘက လူထုသတင်းစာ မှာလုပ်တယ်။ သူကမန္တလေး ရောက်လာပြီးတော့ ဟံသာဝတီမှာလုပ်တယ်။ အဘကသူ့ဆီ မှာ ဆောင်းပါးတွေရေးပေးတယ်။ စစ်အစိုးရ လက်ထက်ကျတော့ အဘဆောင်းပါးတွေကို စာအုပ်တစ်အုပ် ထုတ်ဖို့ လုပ်တဲ့ အခါကျတော့ အဲဒါကိုစီစစ်ရေးက ဟိုဟာဖြုတ်ဒီဟာဖြုတ် ဆိုတာနဲ့ အဘလေ မထုတ်ဖြစ်ခဲ့ဘူး။ သူကိုယ်တိုင်က ဟံသာဝတီမှာ အယ်ဒီတာချုပ် လုပ်နေတာ အဘပြောချင်တာက သူကအယ်ဒီတာ ကောင်းပီသတယ်။ သူကရဲရဲဝင့်ဝင့် သတ္တိလည်းရှိတယ်။ရဲဝင့်တယ်။ ပြည်သူလူထု အတွက်ဆိုရင် ဘာဆောင်းပါးပဲဖြစ်ဖြစ် ထည့်ပေးတယ်။ ပြည်သူ ဘက်မှာ ရပ်တည်တဲ့အယ်ဒီတာ တစ်ယောက် ဖြစ်တယ်။ ဘဘနဲ့မကြာခင်က ၁၃၀၀ပြည့် အရေးတော်ပုံ ၇၅နှစ်မြောက်ပွဲကို မန္တလေးမှာကျင်းပတော့ သူလည်းလာတယ်။ သူနဲ့နောက်ဆုံးတွေ့ရသလိုဖြစ်သွားတယ်။ ဓာတ်ပုံတွေ အဘဆီမှာကျန်ရစ်ခဲ့တယ်။ ”
……..“သူနဲ့ပတ်သတ်ပြီး ဘဘ တအားကိုစိတ်ထဲမှာ ထိခိုက်ဝမ်းနည်းရတယ်။ အားလည်းလျော့သွားတယ်။ ဘာကြောင့်လဲဆိုတော့ သူတစ်ယောက်ပဲ အဘရဲ့အားကိုးဖွယ် ပြည်သူ ဘက်ရပ်ပြီးတော့ တောက်လျောက်ပဲ သူသေတဲ့အထိ စကားပြောသွားတယ်။ အဲဒါတွေ အတွက် အခုပြောမယ့် သူလျော့သွားတယ်။ အဲဒီအတွက်လည်း အဘစိတ်မကောင်းဖြစ်နေတယ်။ အဘနဲ့အင်မတန်မှ ရင်းနှီးခဲ့တယ်။ မန္တလေးရောက်နေတုန်း တောင်လေးလုံးကျောင်းကိုသူသွားသေးတယ်။ အဲဒီကျောင်းကနေလည်း အဘကို တယ်လီဖုန်းဆက်သေးတယ်။ ဘဘအိမ်ကိုလေ။ အဲဒါကနောက်ဆုံး စကားပြောခြင်းပါပဲ။ “
( သတင်းစာဆရာကြီးမောင်သစ်လွင် (လူထု) နဲ့ သတင်းစာဆရာကြီးဟံသာဝတီ ဦးဝင်းတင်ဟာ
ဝင်းတင်သစ်လွင်နာမည်နဲ့ဆောင်းပါးပေါင်းများစွာ အတူတကွ ရေးသားခဲ့ပါတယ်။) Author-နန်းလွင်
Aye Chan Mon# Credit To : Kumudra > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment