Published on: April 26, 2014
Written by: ရန်မျိုးအောင်
ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်၌ ကေဘယ်လ်ကား တပ်ဆင်မည်ဖြစ်ကြောင်း ကေဘယ်လ်စီမံကိန်းတွင် မြေတိုင်း၊ မြေစမ်းခြင်း၊ ကေဘယ်လ်နှင့် ဆက်စပ် အဆောက်အအုံများ ဆောက်လုပ်ခြင်းကို လုပ်ဆောင်နေသည့ှ်Suntac Technologies ကုမ္ပဏီ ဒါရိုက်တာ ဦးဆန်းဝင်းထံမှ သတင်းရရှိသည်။
“ကျိုက်ထီးရိုးမှာ ကေဘယ်လ် တပ်ဖို့အတွက် မြေတိုင်းတဲ့အပိုင်းကို လုပ်ဆောင်ပြီးပါပြီ။ ဇွဲကပင်စေတီကတော့ ဒီဇိုင်းတွေ ထုတ်လို့ပြီးရင် ကေဘယ်နဲ့ ဆက်စပ်တဲ့ အဆောက်အအုံတွေ ဆောက်လုပ်ပေးသွားမှာပါ။ သက်ကြီးရွယ်အို ဘုရားဖူးတွေအတွက် အဆင်ပြေတော့ ကောင်းပါတယ်” ဟု ကေဘယ်လ်စီမံကိန်းနှစ်ခုတွင် မြေတိုင်း၊ မြေစမ်းခြင်း၊ ကေဘယ်လ်နှင့် ဆက်စပ် အဆောက်အအုံများ ဆောက်လုပ်ခြင်းကို လုပ်ဆောင်နေသည့ှ်Suntac Technologies ကုမ္ပဏီမှ ဒါရိုက်တာ ဦးဆန်းဝင်းက ဧပြီ ၂၅ ရက်တွင် ပြောကြားသည်။
ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်၌ တပ်ဆင်မည့် ကေဘယ်လ်ကားမှာ အသေးစား ကေဘယ်လ်များကို အများအပြား တပ်ဆင်မည်ဖြစ်ကာ ဇွဲကပင်တောင်ကေဘယ်လ်ကားမှာမူ လူဦးရေ ၄၀ တင်ဆောင်နိုင်မည့် ကေဘယ်လ်အကြီး တစ်ခုကိုသာ တပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။
“အခုကေဘယ်ကြိုးနဲ့ အဆောက်အဦး ဒီဇိုင်းတွေ ထုတ်ဖို့လုပ်နေတယ်။ ကေဘယ်လ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကိုတော့ ဆွစ်ဇာလန်ကပဲ မှာသွားမယ်။ အခုဂျပန်ကတော့ ကူညီပေးဖို့ ရှိတယ်။ ငွေကြေးရှိရင် ပညာရှင်တွေက ၁၁ လနဲ့ အပြီးဆောက်ပေးနိုင်တယ် လို့တော့ပြောတယ်” ဟု ပထမဆုံး ကေဘယ်လ်တပ်ဆင်သည့် စီမံကိန်းဖြစ်သည့် ဇွဲကပင်တောင် ကေဘယ်လ်စီမံကိန်းမှ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့် သုံးထပ်ကျောင်း ဆရာတော်မှ မိန့်ကြားသည်။
ဇွဲကပင်တောင် ကေဘယ်လ်ကား စီမံကိန်းကို မလေးရှားနိုင်ငံ SMET SDA BHD ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ Suntac Technologies ကုမ္ပဏီတို့မှ ပူးပေါင်းဆောင်ရွက်နေပြီး ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်၌ တည်ဆောက်မည့် ကေဘယ်လ်ကား စီမံကိန်းကို လက်ရှိတွင် Asia International Fishers ကုမ္ပဏီမှ ဦးဆောင်တည်ဆောက်နေ၍ှSuntac Technologies ကုမ္ပဏီမှ မြေတိုင်းတာခြင်းများကို လုပ်ဆောင်ပေးထားကြောင်း သိရသည်။
-
ကေဘယ်လ်ကား တပ်ဆင်ရန် လမ်းကြောင်းရှာဖွေမှု ပြီးစီးသည့် ကျိုက်ထီးရိုးဆံတော်ရှင်မြတ်အား ဖူးမြင်ရစဉ်(ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment