0

ရန်ကုန်၊ ဧပြီ ၁၈

၁၇.၄.၂၀၁၄ ရက်နေ့ ၁၇၃၀ အချိန် အေရှားဝေါလ်လမ်းမကြီးအတိုင်း သီလ၀ါဘက်မှ ကုလားဝဲ အမှတ်(၂)တံတားဘက်သို့ ယာဉ်မောင်း တင်ဝင်းထွန်း (၅၇)နှစ်၊ (ဘ)ဦးကျော်အောင်၊ လှိုင်သာယာ မြို့နယ်နေသူ
မောင်းနှင်သော ၉င/---JAC ခေါင်းစိမ်း၊ TRACTOR HEAD အမျိုးအစား (၂၂)ဘီး ဆီဘောက်ဆာယာဉ်သည် ကျောက်တန်း-သန်လျင်လမ်းမကြီး
အား ဖြတ်ကျော်မောင်းနှင်စဉ် ၎င်းလမ်း မကြီးအတိုင်း ကျောက်တန်းဘက်မှ သန်လျင်ဘက်သို့ ယာဉ်မောင်း အောင်နိုင် (၄၀)နှစ်၊ (ဘ)ဦးတင်မောင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နေသူ မောင်းနှင်လာသော 7G---ဆူဇူကီး
အဖြူ ရောင်ကိုယ်ပိုင်ယာဉ်မှ ဆီဘောက်ဆာယာဉ်နောက်ဘီးကို ၀င်ရောက်
တိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် 7G---ယာဉ်မှာ ပျက်စီးသွားခဲ့ပြီး ယာဉ်မောင်း ကိုအောင်နိုင်ပါ ကျား (၂)ဦးနှင့် မ(၃)ဦးတို့တွင် ဖူးရောင်၊ ပေါက်ပြဲ၊ နာကျင်
ဒဏ်ရာများအသီးသီးရရှိကာ ကျောက်တန်းဆေးရုံတွင် ပြင်ပလူနာများအဖြစ်
တက်ရောက်ကုသခဲ့ရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူများဖြစ်သော ယာဉ်မောင်း တင်ဝင်းထွန်းနှင့် အောင်နိုင်တို့(၂)ဦးအား ကျောက်တန်းမြို့မရဲစခန်း
ယာဉ်(ပ)၁၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၇/၃၃၈ဖြင့် အမှုဖွင့်လှစ်ကာ အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Aye Chan Mon# Credit To : Yangon Police > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top