No.358 Thursday, April 24,2014
Author: အိဖြူလွင်၊ ထွန်းခိုင်၊ ရန်မျိုးနိုင်
‘‘အသက်ရှစ်ဆယ် (၂၀၁၀မတ်၁၂) မှာကျွန်တော်နေစရာအိမ်မရှိဘူး။ သုံးစရာငွေမရှိဘူး။တွေးစရာခေါင်းမရှိဘူး။အကြံမဲ့၊ ဉာဏ်မဲ့ နလပိန်းတုံးဖြစ်နေပြီ။ လှုပ်စရာအားမရှိဘူး။ ရောဂါတစ်သီတစ်တန်းနဲ့ အိုနာကျိုးကန်းဖြစ်နေပြီ။’’ စစ်အစိုးရ၏ နှစ်ပေါင်းနှစ်ဆယ် နီးပါးကြာ ချုပ်နှောင်မှုမှ လွတ် မြောက်လာအပြီး ရေးသားခဲ့သည့်‘‘ဘာလဲဟဲ့ လူ့ငရဲ’’ စာအုပ်တွင် ဦးဝင်းတင်က ယခုလိုရေးသားခဲ့သည်။
အိမ်မရှိ၊ ငွေမရှိသည့် အသက်ရှစ်ဆယ်ကျော်အဘိုးအို ကွယ်လွန်သောအခါ ဂါရ၀ပြုနှုတ် ဆက်မည့်သူ ဒုနဲ့ဒေး။ မြန်မာနိုင်ငံ၏ဒီမီုကရေစီနှင့်လူ့အခွင့်အရေးတိုက်ပွဲများအတွင်းသံမဏိစိတ်ဓာတ်ပိုင်ရှင်ဟု တင်စားခံခဲ့ရသည့် ဟံသာတီဦးဝင်းတင်အတွက် ဧပြီ ၂၃ရက်က ကျင်းပခဲ့သည့် ၎င်း၏ဈာပနအခမ်းအနားသို့သောင်းနှင့်ချီသည့် ဧည့်ပရိသတ်များ လာရောက်ဂါရ၀ပြုခဲ့ပြီး တိုးမပေါက်အောင်စည်ကားခဲ့သည်။ ရန်ကုန်ဆင်ခြေဖုံး ရေဝေးသုသာန်ထားရှိသည့် ဦးဝင်းတင်၏ ရုပ်အလောင်းကိုနောက်ဆုံးအနေဖြင့်လာရောက်ဂါရ၀ပြုနှုတ်ဆက်ရန် ဧပြီ၂၃ရက်နံနက်တွင်ခွင့်ပြုခဲ့ကြသည်။
အပြာရောင်အကျဉ်းသား ၀တ်စုံကိုလွှမ်းထားသည့် ဦးဝင်း တင်၏ရုပ်အလောင်းကို နောက် ဆုံးအဖြစ် လာရောက်ဂါရ၀ပြုကြ သူများက အပြာရောင်အင်္ကျီများ ၀တ်ဆင်ထားခဲ့ကြသည်။
‘‘သူအဓိပ္ပာယ်ရှိရှိဝတ်ဆင်ခဲ့ တဲ့အပြာဝတ်စုံတွေလည်း ဒီနေ့ မြင်ကွင်းတစ်ခုလုံး ပြာနှမ်းသွား အောင် သူ့ကိုဂုဏ်ပြုနေကြပါပြီ’’ ဟု ကိုမင်းကိုနိုင်က အမှတ်တရ စကားဆိုသည်။
ရုပ်အလောင်းကိုကြာချိန် တစ်မိနစ်ခန့်သာ ဂါရ၀ပြုခွင့်ရ မည်ဖြစ်သော်လည်း ထိုအခိုက်အတန့်ကို သောင်းနှင့်ချီသည့်လူများ ပူပြင်းလှသည့် နေရောင်အောက် တွင် နာရီပေါင်းများစွာစီတန်း စောင့်ဆိုင်းခဲ့ကြရသည်။ အိမ်မရှိ၊ ငွေမရှိ၊အာဏာမရှိသည့် အဘိုးအိုတစ်ယောက်၏နောက်ဆုံး ခရီးကို ဘာကြောင့်လူအများ ထိုမျှသည်းသည်းလှုပ်ဖြစ်ခဲ့ရပါသလဲ။
ဦးဝင်းတင်၏နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့သည့်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ယခုလိုပြောသည်။‘‘ဦးဝင်းတင်က ထောင်ထဲမှာရော အပြင်မှာရော သူ့အတွက်ထက် သူများအတွက်ကိုပဲ အမြဲဦးစားပေးစဉ်းစားတဲ့သူ။ ထောင်ကလွတ်လာတာတောင် လုပ်ဖော်ကိုင်ဖက်တွေမလွတ်ဘဲသူလွတ်လာတာ ရှက်တယ်လို့ ပြောတဲ့သူ’’ဟုဆိုသည်။
သူ၏ ပြောကြားချက်ကိုနောက်ထပ်သဘောတူသူတစ်ဦးလည်းရှိသေးသည်။ထိုသူက မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့ အခွင့်အရေးကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ခဲ့သည့်မစ္စတာပင်ညဲရိုးဖြစ်သည်။၂၀၀၁ခုနှစ်က ရန်ကုန်ဆေးရုံကြီးတွင် သူ့အားလာရောက်တွေ့ဆုံခဲ့သည့်မစ္စတာပင်ညဲရိုးကို ဦးဝင်းတင်က သူ့ထက်အဆပေါင်းများစွာ ဆိုးရွားစွာခံစားနေရသော သာမန်အကျဉ်းသား ရာဇ၀တ်မှုကြောင့်အကျဉ်း ကျခံရသူတစ်ဦး၏ကိစ္စကိုအလေးထားဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။
ထိုလူသည် ရဲဘက်စခန်း တစ်ခုတွင်ဖြစ်ပွားခဲ့သည့်မတော်တဆမှုကြောင့် ခါးရိုးကျိုးကာသေ လုမြောပါးဒဏ် ခံစားနေရသော်လည်း လုံလောက်သည့်ဆေးဝါးကုသမှုပေးရန် လျစ်လျူရှုခံထား ရသူဖြစ်သည်။မစ္စတာပင်ညဲရိုးကဦးဝင်းတင်ဟာ ၎င်းအခက်အခဲထက် သူများအခက်အခဲကိုသာ ပိုပြောသည့်သူဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မှတ်ချက်ပြုခဲ့ ဖူးသည်။
‘‘စာပေဘက်ကပဲ ဖြစ်ဖြစ်နိုင်ငံရေးဘက်ကဘဲဖြစ်ဖြစ် သူ့ကိုအကုန်လေးစားတယ်။ သူကအကုန်လုံးကို ခေါင်းဆောင်ပြီးတိုက်ပွဲဝင်တယ်။ အနစ်နာခံတယ်။ကိုယ်ကျိုးစွန့်တယ်ဆိုရင်အခွင့်အရေး လိုချင်လို့လို့အပြောခံရဦးမယ်။ သူကကိုယ်ကျိုးစွန့်တာ မဟုတ်ဘူးအနစ်နာခံတာ’’ဟု ဦးဝင်းတင်၏ မိတ်ဆွေတစ်ဦးဖြစ်သူ ဦးခင်မောင်ကြည်က ပြောသည်။
ဦးဝင်းတင်၏ အနစ်နာခံသည့်စိတ်ဓာတ်ကို မလေးစားသူများလည်းရှိသည်။ထိုသူများမှာ ဦးဝင်းတင်အားရက်ပေါင်း ၇၀၀၀ကျော်အကျဉ်းချထားခဲ့သည့် စစ်အစိုးရအရာရှိများပင်ဖြစ်သည်။ ထောင်ထဲတွင်အနှစ်၂၀နီးပါးနေခဲ့ရသော်လည်း ဟံသာဝတီဦးဝင်းတင်က ထောင်အကြောင်း ကျွန်တော်များများ မသိခဲ့ပါဘူး’’ဟု‘‘ဘာလဲဟဲ့ လူ့ငရဲ’’စာအုပ်တွင် အံ့အားသင့်ဖွယ်ဆိုခဲ့သည်။ ‘‘နှစ် နှစ်ဆယ်နီးပါး တစ်ကောင်ကြွက် လို တိုက်ပိတ်ခံနေရလို့ ထောင်အကြောင်း ကျွန်တော်ကောင်း ကောင်းမသိခဲ့ရပါ’’ဟု ဆိုပြန် သည်။
နှစ်ပေါင်း၁၉နှစ်နီးပါး(သို့မဟုတ်)ရက်ပေါင်း ၇၀၀၀ ကျော် ထောင်တွင်းအကျဉ်းကျပြီးပြန်လွှတ်ပေးပြီးသော်လဲ သွားလေရာနောက်ထောက်လှမ်းရေးများကလွတ်မပေးပေ။ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် နေအိမ်မှဖယ်ရှားခံရခြင်း၊ပင်စင်လစာရုပ်သိမ်းခံရခြင်း၊ဦးဝင်းတင်၏ စာအုပ်များ အားပိတ်ပင်ခြင်းအပါအ၀င် ဖိ အားမျိုးစုံသုံး ပြီးဝင်ငွေရပေါက်ရလမ်းများကိုပိတ်ပင်ခဲ့သော်လည်းသူ့အတွက်ဆိုလျှင်ငွေကြေးအ ကုန်အကျခံမည့်သူ မရှားပါးခဲ့။
သူနှင့်ဘ၀တူ နိုင်ငံရေးအကျဉ်းသားများအတွက်ကူညီ ထောက်ပံ့ပေးရန်အတွက်‘‘ဦးဝင်းတင်ဖောင်ဒေးရှင်း’’ကို တည် ထောင်နိုင်ခဲ့သည်။ထိုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများအား ဦးဆောင်ထောက်ပံ့သူတစ်ယောက်ဖြစ်ခဲ့သော်လည်း ထို့အတွက်အခွင့်ထူးကိုပိုမယူခဲ့ဟု သူ၏လုပ်ဖော်ကိုင်ဖက်များကပြောသည်။
ဦးဝင်းတင်နာမကျန်း စဖြစ်တော့ပိုမိုကောင်းမွန်သည့်ဆေး ၀ါးကုသမှုမျိုး ခံယူရန်တိုက်တွန်းကြသော်လည်း ဦးဝင်းတင်က အခြားနိုင်ငံရေးအကျဉ်းသားဟောင်းများနည်းတူသာ ဆေးဝါးကုသမှုခံယူမည်ဟုဆိုခဲ့သည်။
‘‘သူဟာလုပ်ဖော်ကိုင်ဖက်လူကြီးလူငယ်တွေ အားလုံးနဲ့ဆက်ဆံတဲ့နေရာမှာလေးစားမှုနဲ့ သူကဆက်ဆံတတ်တယ်။ပြီးတော့ထောင်ထဲမှာကအစ သူကအားလုံးနဲ့အတူ တစ်သားတည်း ပဲရပ်တည်ပါတယ်။ ဘယ်လို အခွင့်ထူးကိုမှ သူ မလိုချင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာနိုင်ငံသားအားလုံးဟာ ဒီလိုဖိနှိပ်မှုတွေကြားထဲမှာ ရှိနေတဲ့အချိန်မှာသူဟာ သူ့အတွက်အခွင့်ထူးမလိုဘူးလို့ အမြဲတမ်းပြောဖူးပါတယ်’’ဟု၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ဦးဌေးကြွယ်ကပြောသည်။
ဦးဝင်းတင်က သုံးစရာငွေ ရရှိလာပါက ကိုယ်ပိုင်ကိစ္စရပ် များတွင်သုံးစွဲသည်ထက် နိုင်ငံ ရေးအကျဉ်းသားဟောင်းများကို ထောက်ပံ့ခြင်းအစရှိသည့် လုပ် ငန်းများတွင် သုံးစွဲခြင်းများကိုသာ လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း နိုင် ငံရေးအကျဉ်းသားဟောင်းများက ပြောသည်။
‘‘သူ့ဆီကို နိုင်/ကျဉ်းတွေ လာရင် သူအပျော်ဆုံးပဲ။ နိုင်/ ကျဉ်းဟောင်းတွေထဲမှာငွေရေး ကြေးရေးအဆင်မပြေတဲ့သူတွေ ရောက်လာရင် သူကအကူအညီ ပေးဖို့ ၀န်မလေးဘူး။ တစ်ခါတ လေဆို သူ့ဆီစာအိတ်လိုက်လာ ကန်တော့တဲ့ ပိုက်ဆံတွေကို ဖောက်တောင်မကြည့်ဘဲ အဆင် မပြေတဲ့ နိုင်/ကျဉ်းတွေကို အဲဒီ စာအိတ်လိုက် ပြန်ထောက်ပံ့ တယ်’’ဟု ဦးဝင်းတင်အားအနီး ကပ်ပြုစုကုသပေးနေသူတစ်ဦး ကပြောသည်။
ထိုကဲ့သို့သောအနစ်နာခံမှု များ၊ ကိုယ်ကျိုးစွန့်မှုများကို အောက်မေ့လျက်သူ့ အား နောက်ဆုံးအကြိမ်လာ ရောက်ဂါရ၀ပြုသည့်သူများကို စွန့်ခွာပြီးဦးဝင်းတင်သည် သူချစ်သောပြည်သူများနှင့် ထာဝရခွဲခွာခဲ့ရပြီဖြစ်သည်။ ဦးဝင်းတင်ကို ရေဝေးသုသာန်တွင်ဧပြီ၂၃ ညနေ ၅ရက်နာရီခန့်တွင် ခွပ်ဒေါင်းအလံလွှမ်းခြုံပြီး ဂူသွင်းသဂြုင်္ိဟ်ခဲ့ကြသည်။
ဦးဝင်းတင်ရေးစပ်ခဲ့သည့် ‘ကျားရဲငါ’ကဗျာထဲက ထောင်တွင်းအကျဉ်းသားဘ၀ကဗျာစာသား ထဲကလို အခန်းကျဉ်းကျဉ်း၊ အ လင်းမ၀င်၊ လေမ၀င်၊ နေမမြင် လမမြင်၊ လူမမြင်၊ သူမမြင်နှင့် ထောင်ဝတ်စုံအပြာလေးနှင့် သူ ထာဝရအိပ်စက်သွားပြီဖြစ် သည်။
ဦးဝင်းတင်၏နောက်ဆုံးခရီးသို့လိုက်ပါပို့ဆောင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးတင်ဦး ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
Aye Chan Mon# Credit To : 7Day News Journal > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment