0

ထားဝယ်၊ ဧပြီ ၁၈

ထားဝယ်သင်္ကြန် ကာလအတွင်း ပြည်တွင်းဘုရားဖူးနှင့် ခရီးသွား ဧည်သည်များ လာရောက်လည်ပတ်မှု အထူး များပြားလာသောကြောင့် ထားဝယ်မြို့တွင် ဖွင့်လှစ်ထားသော ဟိုတယ်များတွင် အခန်းများ ပြည့်သွားကြောင်း ဟိုတယ်ဝန်ဆောင်မှု အသိုင်းအဝိုင်းက ပြောကြားသည်။
ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဧည့်သည် အများစုသည် ဧပြီလ ၁၂ ရက် သင်္ကြန်အကြိုနေ့ မတိုင်ခင်မှ ဧပြီလ ၁၆ ရက် သင်္ကြန် အတက်နေ့များအထိ လာရောက် တည်းခိုကြပြီး အချို့မှာ ဧပြီလ ၁၈ ရက်
နှစ်ဆန်းနှစ်ရက်နေ့အထိ တည်းခိုရန် အခန်းများကို ကြိုတင်မှာယူ တည်းခိုလျှက်ရှိကြောင်း၊ တည်းခိုသူ အများစုမှာ မြန်မာနိုင်ငံအထက်ပိုင်း၊ ရန်ကုန်မြို့နှင့် မော်လမြိုင်မြို့တို့မှ လာရောက်ကြသူများ ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

ထားဝယ်သင်္ကြန်ရက် အတွင်း ပြည်ပခရီးသည်ထက် ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဧည့်သည် အများစု လာရောက် တည်းခိုကြပြီး နေ့စဉ် ဘုရားဖူးယာဉ် ဆယ်နှင့်ချီ၍ လာရောက် လည်ပတ်ကြကြောင်း သမိုင်းဝင်ဘုရား ဂေါပကအဖွဲ့ များနှင့် မောင်းမကန်ကမ်းခြေမှ တာဝန်ရှိသူများက ဆိုသည်။

ထားဝယ်ဒေသသို့ လာရောက်သူ အများစုသည် ထိုင်းနိုင်ငံနယ်စပ် ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းသို့ သွားရောက် လည်ပတ်ခြင်း၊ ထားဝယ်ဒေသရှိ ရှင်ကိုးရှင်ဘုရား ဖူးခြင်း၊
မောင်းမကန်ကမ်းခြေနှင့် မျှော်ရစ်ဘုရားဖူးခြင်း အပြင် ထားဝယ်သင်္ကြန် ကိုပါ
လည်ပတ်ခဲ့ကြသည်ဟု သက်ဆိုင်ရာ ခရီးသွားဧည့်သည်၊ ဘုရားဖူးဝန်ဆောင်မှု လုပ်ငန်းနှင့် ဟိုတယ်အသိုင်းအဝိုင်း ထံမှ သိရသည်။
“အချို့ဧည်သည်တွေဆို သင်္ကြန်နီးမှ တည်းခိုဖို့ လာကြလို့ အခန်း မပေးနိုင်တော့ဘူး။ အခန်းမပေးနိုင်တာ တော်တော်များတယ်” ဟု ဇေယျာထက်စံ ဟိုတယ်မှ ဦးအောင်စိုးဦးက ဆိုသည်။

Dawei Watch

Aye Chan Mon# Credit To : The Voice Weekly > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top