0


နယူးဇီလန် နိုင်ငံ အနီး တက်စ်မန်းပင် လယ် မှာ ဖမ်းဆီး ရမိ ခဲ့တဲ့ ငါးဟာ မျက်လုံး လေးလုံး အထိ ပါ ၀င် ခဲ့တာ မို့ အံအား သင့်စရာ ဖြစ် ခဲ့ပါတယ်။ သုတေသန ပညာရှင် တွေက တော့ ဒီလို ငါးမျိုး တွေ့ရှိ ခဲ့ဖူးခြင်း မရှိဘူး လို့ ဆိုထားပါတယ်။ ဒီငါးဟာ ရုတ်တရက်ကြည့် လိုက်ရင် ဂြိုဟ်သားတစ်ဦးရဲ့ သွင်ပြင်နဲ့ တူနေ ပါတယ်။ ဦးခေါင်းထိပ်မှာ ကြီးမားလှတဲ့ မျက် လုံးနှစ်လုံးအပိုပါရှိနေခြင်း ဖြစ်ပါတယ်။ မျက် လုံးပိုနှစ်လုံးဟာ ငွေရောင် ဖြစ် ပြီး၊ (၃၆၀) ဒီဂရီမြင်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ နောက်ပြီး အမှောင်ထုထဲ သွားရင် အလင်း ထုတ်ပေးနိုင် စွမ်း ရှိပါတယ်။ ဒီငါးဟာ ပင်လယ် ရေပေ ပေါင်း (၂၆၀၀)ကနေ (၃၃၀၀) အတွင်း မှာတွေ့ရနိုင်တယ်လို့ သိရပါ တယ်။ ငါးပုံစံက ထူးခြားနေပြီး၊ ရုပ်ရှင်ဇာတ်ကားတွေထဲက ဂြိုဟ်သားခေါင်းပုံစံဖြစ် နေတာကလည်း စိတ် ၀င် စားစရာဖြစ်ခဲ့ပါတယ်။ ဒီငါးဟာ အမှောင်ထု ထဲရောက်ချိန်မှာ အပိုပါတဲ့ မျက်လုံးနဲ့ အလင်း ရောင်ရယူကာ သွား လာလေ့ရှိတယ်လို့ ဂျာမနီ သိပ္ပံပညာရှင်တွေက ဆိုခဲ့ပါတယ်။ တက်စ် မန်းပင်လယ်မှာ သုတေသနလုပ်ငန်းတွေ လုပ်နေရင်း အရှည် (၁၈) စင်တီမီတာ ရှိတဲ့ မျက်လုံး လေးလုံးနဲ့ ငါးကို ဖမ်းမိတာဖြစ်ပါ တယ်။ ဂျာမနီနိုင်ငံက ပရော်ဖက်ဆာလျှိုအာ ချင်ဝက်ဂ်နာက ရေနက်ပိုင်းတွေရောက်တဲ့ အခါ မျက်လုံးအပိုရဲ့ အလင်းရောင်ကို ယူပြီး သွားလာလေ့ရှိတဲ့ ငါးမျိုးဖြစ်ကြောင်း ရှင်းပြ သွားခဲ့ပါတယ်။
The Messenger

Aye Chan Mon# Credit To : မြန်မာ့ရောင်စဉ်> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
မိတ်ဆွေ ပိုမို စုံလင်သောသတင်းကို အောက်ပါလင့်တွင်ဝင်ရောက်ဖတ်ရှု
နိုင်ပါသည်--https://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top