0


တစ်ခါတစ်လေ မှန်တင်ခုံရှေ့ရောက်လို့ တစ်ခုခုလိမ်းတော့မယ်ဆိုရင် ဟိုအံဆွဲဖွင့်၊ ဒီအံဆွဲဖွင့်နဲ့ ရှာရဖွေရ။ အလှကုန်တွေကို သပ်သပ်ရပ်ရပ်မထားတာကြောင့် ပျောက်ရှတာမျိုးထိတောင် ကြုံလာရပြီဆိုရင် ကိုယ့်ပစ္စည်းတွေကို ပြန်လည်စီရီပြီး နေရာချဖို့ အချိန်ရောက်ပြီပေါ့။ အဲ့ဒီတော့ လွယ်လွယ်ကူကူလည်း ရှာဖွေနိုင်အောင်၊ ပစ္စည်းတွေလည်း သပ်သပ်ရပ်ရပ် နေရာတကျလေး ဖြစ်သွားအောင် ဘယ်လို ထားရမယ်ဆိုတာ ပြောပြပေးချင်ပါတယ်။

၁။အံဆွဲတွေဟာ သင့်အလှကုန်ပစ္စည်းတွေအတွက် အကောင်းဆုံးပါ။ ဒါပေမယ့် ကြည့်လိုက်တာနဲ့ တန်းပြီး ဘယ်နေရာ ဘာရှိတယ်ဆိုတာ မြင်ချင်တယ်ဆိုရင်တော့ အထဲကို ထွင်းဖောက်မြင်နေရတဲ့ အံဆွဲအကြည်လေးတွေ သုံးပေါ့နော်။

၂။အကန့်လေးတွေနဲ့ ခွဲထားပါ။ အလယ်ကန့်က ဘီးထားမယ်ဆိုရင် ဘေးအကန့်လေးတွေကို အိုင်းလိုင်နာ၊ 2way စသဖြင့်ပေါ့။

၃။လက်သည်းနီပုလင်းလေးတွေကို ခုလိုဗူးလေးတွေနဲ့ ထည့်သိမ်းထားနိုင်တယ်နော်။ အဲ့ဒီလိုအလှဆင်ပြီးသားဗူးတွေ ရှာရခက်တယ်ဆိုရင် အိမ်မှာရှိတဲ့ဖိနပ်ဗူးကို စက္ကူအလှလေးတွေနဲ့ ကပ်ပြီး ထည့်သိမ်းလို့ရတယ်ဆိုတာ မမေ့ပါနဲ့။

၎။ဘရက်ရှ်လေးတွေ ထည့်နေကျ ဗူး၊ ခွက်ကို အလှဆင်ချင်ရင်လည်း အလှကျောက်လေးတွေ ဗူး၊ ဒါမှမဟုတ် ခွက်ထဲထည့်ပြီး အလှဆင်လို့ရတယ်နော်။

၅။ဆံပင်ကောက်တဲ့၊ ဖြောင့်တဲ့ ပစ္စည်းလေးတွေကိုလည်း ခုလို ဗီရီုတံခါးတစ်ခုခုမှာ သပ်သပ်ရပ်ရပ်လေး ဖြစ်အောင် ကပ်ထားလို့ရပါတယ်။

၆။ဒီလို မိတ်ကပ်အိတ်လေးကလည်း သယ်ရလွယ်ကူစေတာမို့ ဆောင်ထားသင့်ပါတယ်။ လိပ်လို့၊ ဖြည်လို့ အလွယ်တကူဆိုတော့ ခရီးသွားရင်လည်း သုံးနိုင်တာပေါ့။

၇။ဗူးအလှလေးတွေ ၀ယ်ရတာနှစ်ခြိုက်သူတွေဆိုရင်တော့ ခုလိုဗူးမျိုးလေးတွေရှာပြီး ဘရက်ရှ်လေးတွေ သိမ်းနိုင်တယ်နော်။

၈။အလှကုန်တွေထည့်ဖို့ ပစ္စည်းသစ်တွေ ထပ်မ၀ယ်ချင်တော့ဘူးဆိုရင်တော့ ခုလိုအိမ်မှာရှိပြီးသား ပုလင်းလေးတွေလည်း သုံးနိုင်တာပဲ။

၉။အိမ်နောက်ဖေး မီးဖိုချောင်မှာ မသုံးတော့တဲ့ ဗန်းတွေဘာတွေရှိရင် ယူလာပြီး ခုလိုအားလုံးကို စီစီရီရီ သပ်သပ်ရပ်ရပ်လေး ထားနိုင်ပါသေးတယ်။

Aye Chan Mon# Credit To :ကြေးမုံသတင်းစာ > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
မိတ်ဆွေ ပိုမို စုံလင်သောသတင်းကို အောက်ပါလင့်တွင်ဝင်ရောက်ဖတ်ရှု
နိုင်ပါသည်--https://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top