0

ရန်ကုန်၊ မတ် ၂၇

၁၉.၃.၂၀၁၄ ရက်နေ့ ၁၉၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊
တောင်ပိုင်းခရိုင်၊ သုံးခွမြို့ဈေးအတွင်း၌ ငြိမ်းသူ(၃၂)နှစ်(ဘ)ဦးတင်ယု၏ ဆိုင်ခန်းအမှတ် (n-၂၂/၂၃)၊ ကုန်ခြောက်ဆိုင်အတွင်း ထွန်းညှိထားသော
ခြင်ဆေးခွေမီးမှစတင်ကာ ဈေးဆိုင်ခန်းများမီးလောင်ကျွမ်းခဲ့၍ မီးသတ်ယာဉ် များရောက်ရှိ မီးငြှိမ်းသတ်ခဲ့ရာ ၂၀၁၀ အချိန်တွင် မီးငြိမ်းနိုင်ခဲ့ပါသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ ငြိမ်းသူကို သုံးခွမြို့မရဲစခန်း
(ပ)၁၀၁/၂၀၁၄၊ ပုဒ်မ၂၈၅ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်ထား
ရှိခဲ့ပါသည်။

ယင်းသို့မီးလောင်မှုဖြစ်ပွား၍ မီးငြှိမ်းသတ်နေကြစဉ် ဈေးဆိုင်ခန်းအမိုး
ကျွံကျခဲ့သဖြင့် သုံးခွမြို့နယ်၊ အရန်မီးသတ်ဖြစ်သူ ဦးမြအုန်း၊ (၅၄)နှစ်အား ထိခိုက်မိခဲ့ရာ ကျောကုန်းဖူးရောင်၊ ယာခြေဖမိုးပြတ်ရှ ဒဏ်ရာတို့ရရှိခဲ့
ကြသောကြောင့် သုံးခွမြို့နယ်ဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်း ဆေးကုသမှုခံယူလျက်ရှိရာမှ ၂၇.၃.၂၀၁၄ ရက်နေ့ ၀၇၅၅ အချိန်တွင် ကွယ်လွန်သွားခဲ့ပါသည်။

၎င်း၏ရုပ်အလောင်းအား ၂၉.၃.၂၀၁၄ ရက်နေ့တွင် သုံးခွမြို့၊ (၉)ရပ်ကွက်ရှိ သုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Aye Chan Mon# Credit To : Yangon Police> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
မိတ်ဆွေ ပိုမို စုံလင်သောသတင်းကို အောက်ပါလင့်တွင်ဝင်ရောက်ဖတ်ရှု
နိုင်ပါသည်--https://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top