0
ကျေးဇူးရှိတဲ့ ပုဂ္ဂိုလ်ကို
တကယ်ပြစ်မှားရင်
မျက်မှောက်ဘဝမှာတင်
ဒုက္ခရောက်တတ်တယ်
သံသရာထိ မနေဘူး။

အသက်ရှည်လို့ ဘုန်းမကြီး
ဘုန်းကြီးလို့ အသက်မရှည်
အဖြစ်မျိုးတွေနဲ့ ကြုံရတတ်တယ်။

ဒါကြောင့် . . .
ကျေးဇူးရှင်တွေရဲ့ ကျေးဇူးကိုသိပြီး
ကျေးဇူးဆပ်နိုင်အောင် ကြိုးစားကြပါ။

ကျေးဇူး မဆပ်နိုင် သည့်တိုင်
ကျေးစွတ်တဲ့ အလုပ်မျိုး
အ ပြောမျိုး ဘယ်တော့မှ
မလုပ်မိ မ ပြောမိပါစေနဲ့။

(မုံရွာမြို့ ပဇ္ဇောတာရုံ ကျောင်းတိုက် ဆရာတော်ကြီး သြဝါဒ)

★ ဘဝအဆက်ဆက်မှ ယနေ့ယခုအချိန်ထိ
သီလ သမာဓိ ပညာ ကြီးမားသောသူတို့အား၎င်း
ကျေးဇူးရှိသောသူတို့အား ၄င်း
သိ၍ဖြစ်စေ မသိ၍ဖြစ်စေ
ရည်ရွယ်၍ဖြစ်စေ မရည်ရွယ်၍ဖြစ်စေ
မှတ်မိ၍ဖြစ်စေ မမှတ်မိ၍ဖြစ်စေ
ကာယကံ ဝစီကံ မနောကံနှင့်
ပြစ်မှားမိသမျှ နှစ်သစ်မှာ နေ့သစ်မှာ
ဝန်ချတောင်းပန်ပါ၏ ★

_/\_ _/\_ _/\_

Aye Chan Mon# Credit To :နှလုံးသားအာဟာရ > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
143

Post a Comment

 
Top