0

ရန်ကုန်၊ ဇန်န၀ါရီ ၁

၃၁.၁၂.၂၀၁၃ ရက်နေ့ ၁၁၄၀ အချိန်ခန့်တွင် ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းအတိုင်း ဒေါပုံဘက်မှ ရန်ကုန်မြို့တွင်းသို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသော ၄က/---- DAIHATSU အဖြူရောင် အုတ်သဲကျောက်တင်ယာဉ်သည် မဟာဗန္ဓုလတံတားအဆင်း အိုးရှင်းမှတ်တိုင် အနီးအရောက်တွင် ၎င်း၏ရှေ့မှမောင်းနှင်သွားနေသော ယာဉ်တစ်စီးအား ရှောင်လိုက်စဉ် ယာဉ်မောင်းဒေါ်ခင်သန်းဦးမောင်းနှင်ပြီး လမ်း၏ယာဘက်တွင်ရပ်တန့်ထားသော ပရိုဘောက်ခဲရောင် အငှားယာဉ်အား တိုက်မိပြီးနောက် လမ်းဘေးပလက်ဖောင်းပေါ်ရှိ တယ်လီဖုန်းတိုင်နှင့် ကိုလှမင်းထွန်း၊ ကိုကျော်ကျော်နိုင် တို့အား ဆက်လက်တိုက်မိကာ သစ်ပင်အားဝင်ရောက်တိုက်မိပြီး ရပ်တန့်သွား ခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ပုဇွန်တောင်မြို့နယ်နေ ကိုလှမင်းထွန်းမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး၊ သာကေတမြို့နယ်နေ
ဒေါ်ခင်သန်းဦးတွင် ရင်ဘတ်အောင့်နာကျင်ဒဏ်ရာ၊ ပုဇွန်တောင်မြို့နယ်နေ ကိုကျော်ကျော်နိုင်တွင် နဖူး၊ ၀ဲနားထင်၊ ၀ဲတံတောင်၊ ၀ဲမေးရိုးတို့၌ နာကျင်စုတ်ပြဲဒဏ်ရာများ၊ အဆိုပါ ၄က/---- အုတ်သဲကျောက်ယာဉ်ပေါ်ပါ
အလုပ်သမားများဖြစ်သည့် ကိုဖြိုးဝေ၊ ကိုမင်းမင်း၊ ကိုအောင်ဘိုသန့်
တို့တွင် ပွန်းပဲ့နာကျင်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြသဖြင့် ရန်ကုန်ဆေးရုံကြီးသို့တင်ပို့ကုသမှုခံယူခဲ့ရပါသည်။

ယာဉ်အားမဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှုဖြစ်ပွါးခဲ့သည့် ၄က/---- အုတ်သဲကျောက်ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာထွက်ပြေးတိမ်းရှောင်သွားသဖြင့် ပုဇွန်တောင်မြို့မရဲစခန်း ယာဉ်(ပ)၁၄/၂၀၁၃၊ ပုဒ်မ ၃၀၄-က/၃၃၈/၂၀၂ ဖြင့်အရေးယူထားရှိပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Aye Chan Mon# Credit To : Yangon Police > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top