0

Published on: January 2, 2014

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ရောက်ရှိခဲ့သည့် ပြည်သူများထံမှ အကြံပြုချက်များ အနက် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁)ပါ နိုင်ငံတော်၏ အခြေခံမူများကို ပြင်ဆင်ရန် အကြံပြုချက်သည် အများဆုံးဖြစ်ကြောင်း အဆိုပါ ကော်မတီမှ ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသည် ပြည်သူများထံမှ အကြံပြုချက်များကို နိုဝင်ဘာ ၈ ရက်မှ စတင်ကောက်ခံခဲ့ပြီး အကြံပြုချက်များ ပေးပို့ရန်နောက်ဆုံး အချိန်ဖြစ်သည့် ဒီဇင်ဘာ ၃၁ ရက်အထိ အကြံပြုချက်စောင်ရေ စုစုပေါင်း ၂၈၂၄၇ စောင်ရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အကြံပြုချက်စောင်ရေ ၂၈၂၄၇ အား အခန်းလိုက် အကြံပြုချက်အဖြစ် ပြန်လည် စိစစ်သုံးသပ်ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁)ပါ နိုင်ငံတော်၏ အခြေခံမူများကို ပြင်ဆင်ရန် အကြံပြုချက်သည် အများဆုံး ဖြစ်ကြောင်း သိရသည်။

ဒုတိယအများဆုံး အကြံပြုချက်ရရှိခဲ့သည့် အခန်းမှာ(၁၂)ဖြစ်ပြီး အကြံပြုချက် စုစုပေါင်း ၁၀၅၂၃၃ ချက်ရှိခဲ့သည်။ အခန်း (၁၂)မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူရန်လိုခြင်း၊ ပြည်လုံးကျွတ် ဆန္ဒခံယူကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံရန် လိုအပ်ခြင်း စသည့် အချက်များ ပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်နှင့် သက်ဆိုင်သည့် နိုင်ငံတော်သမ္မတ အရည်အချင်းဆိုင်ရာ ပုဒ်မ ၅၉ (စ) ပါဝင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၃ အား ပြင်ဆင်ရန် အကြံပြုချက် ၃၃၆၉ ချက်ရှိခဲ့သည်။

ပြည်သူများထံမှ ရောက်ရှိလာသည့် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အကြံပြုချက်များကို လွှတ်တော်သို့ ဆက်လက် တင်ပြနိုင်ရေးအတွက် အဖွဲ့ဝင် ၁၀၈ ဦးပါ ကော်မတီ အစည်းအဝေးကို ဇန်န၀ါရီ ၇ ရက်တွင် နေပြည်တော်၌ ပြုလုပ်မည်ဟု သိရသည်။

အင်န်အယ်ဒီ၊ ပြည်ခိုင်ဖြိုးနှင့် တပ်မတော်ထံမှ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အစီရင်ခံစာများအား လက်ခံထားပြီး ဖြစ်ကြောင်း ကော်မတီမှ သိရသည်။

ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေး တစ်ခုတွင် တွေ့ရသော လွှတ်တော်ကိုယ်စားလှယ်များ

Aye Chan Mon# Credit To :Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
3

Post a Comment

 
Top