0


အင်ဒိုနီးရှားနိုင်ငံက မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြံစီတယ်လို့ သံသယဖြစ်ခံရတဲ့ စစ်သွေးကြွအုပ်စုတစုကို အင်ဒို ရဲက ပစ်ခတ် နှိမ်နင်း ဖမ်းဆီးခဲ့ရာမှာ ၆ ဦး အသေဖမ်းမိပြီး ၁ ဦး အရှင် ဖမ်းမိတယ်လို့ အင်ဒိုနီးရှား သတင်း
တွေ က ဖော်ပြပါတယ်။

လွန်ခဲ့တဲ့ နှစ် မေလက မြန်မာသံရုံး ကို ဗုံးခွဲ တိုက်ခိုက်မှုနဲ့ ဖမ်းဆီးထားသူတွေဆီက ရတဲ့သတင်းအချက် အလက်နဲ့ အင်ဒို ရဲတပ်ဖွဲ့က ဂျကာတာ မြို့ပြင်တနေရာက အစွန်းရောက်အုပ်စုနေထိုင်ပုန်းအောင်းနေ တယ် လို့ သံယယ ဖြစ်တဲ့နေရာတခု ကို နှစ်သစ်ကူးည သန်းခေါင်းလောက်က သွားရောက်နှိမ်နင်းစဉ် အပြန်အလှန် ပစ်ခတ်မှု ၉ နာရီကြာ ဖြစ်ခဲ့ရာက အခုလို ဖမ်းဆီးရမိတာဖြစ်တယ်လို့ အင်ဒို ရဲတပ်ဖွဲ့ တာဝန်ရှိသူက မနေ့က ပြောပါတယ်။

အခုလို နှိမ်နင်း ဖမ်းဆီးရာမှာ လက်လုပ်ဗုံးတွေ၊ သေနတ် ၅ လက်အပါအဝင် ရူပီးငွေ သန်း ၂ဝဝ ကျော်နဲ့ အခြား ဖောက်ခွဲ ရေး ဆက်စပ်ပစ္စည်းတွေလည်း သိမ်းဆီးရမိတယ်လို့ အင်ဒို ရဲတပ်ဖွဲ့က ပြောပါတယ်။

အခုလို စစ်သွေးကြွ အကြမ်းဖက် အစွန်းရောက်အဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်မှုကြောင့် အင်ဒို ရဲတဦးလည်း ဒဏ်ရာ ရခဲ့ တယ်လို့လည်း သိရပါတယ်။

အိမ့်သံစဉ် ~

ပြီးခဲ့တဲ့ နှစ် မေလတုန်းက မြန်မာသံရုံး ဗုံးခွဲမှုနဲ့ သံသယရှိသူ ၂ ဦးကို ဖမ်းဆီးစဉ်က မြင်ကွင်၊
ဓာတ်ပုံ- အင်ဒို အွန်လိုင်း

Aye Chan Mon# Credit To : ခေတ်သတင်း > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
11

Post a Comment

 
Top