မြန်မာနိုင်ငံတွင် ၁၉၈၃ ခုနှစ် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသည့် တောင်ကိုရီးယား နိုင်ငံသားများအတွက် အထိမ်းအမှတ်ကျောက်တိုင် ဆောက်မည်
Published on: January 1, 2014
၁၉၈၃ ခုနှစ်တွင် မြောက်ကိုရီးယားသူလျှို၏ ဗုံးဖောက်ခွဲလုပ်ကြံမှုကြောင့် ရန်ကုန်မြို့ အာဇာနည်ဗိမာန်တွင် သေဆုံးခဲ့ရသည့် တောင်ကိုရီးယားနိုင်ငံသား ၁၇ ဦးနှင့် ဒဏ်ရာရသူ ၁၄ ဦးအား ရည်စူး၍ အထိမ်းအမှတ်ကျောက်တိုင် တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့ ဒီဇင်ဘာ ၃၀ ရက်က သဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း တောင်ကိုရီးယားသတင်းစာ Chosunilbo ၏ ဖော်ပြချက်အရ သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံတမန် Lee Baek-soon နှင့် မြန်မာနိုင်ငံခြားရေး ၀န်ကြီးရုံးမှ ဦးသူရိန်သန့်ဇင်တို့က သဘောတူညီမှု လက်မှတ်ကို ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Aye Chan Mon# Credit To :Eleven Media Group> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment