မန္တလေးမြို့ တွင် ယာဉ်ကြောပိတ်ဆို့မှုများ
မရှိစေ ရေးအတွက် ဒီဇင် ဘာ ၉ ရက် နေ့မှ
စ၍ ယာဉ်ရပ်နားကန့်သတ် ဧရိယာအတွင်း
ယာဉ်နှစ်ထပ် ရပ်နားလျှင် Tow Truck
(ယာဉ်သယ်ကရိန်း) ဖြင့် စတင် ဖယ် ရှား
ရှင်းလင်းပြီး မန္တလေးမြို့၏ အ ဝေးဆုံး ကားကွင်း
များအထိဆွဲယူကာ ပြန်လည်ရွေးယူ သည့်
စနစ်ဖြင့် ဒဏ် ရိုက်သွားမည် ဖြစ်သည်။
မန္တလေးမြို့ တွင် ကန့်သတ်နေရာများမှာ
လမ်း ၈၀ (၂၇ လမ်း နှင့် ၃၃ လမ်းကြား)၊
၈၂ လမ်း (၂၆ လမ်း နှင့် လမ်း ၃၀ ကြား)၊
၈၃ လမ်း (၂၆ လမ်း နှင့် လမ်း ၃ဝ ကြား)၊
၂၆ လမ်း (လမ်း ၈၀ နှင့် ၈၄ လမ်း ကြား)၊
လမ်း ၃၀ (၇၄ လမ်း နှင့် ၇၈ လမ်း ကြား)၊
၃၅ လမ်း (လမ်း ၈၀ နှင့် ၈၄ လမ်း ကြား)
တို့ဖြစ်သည်။ အဆိုပါနေရာများတွင် ယာဉ်
နှစ်ထပ် ရပ်နားပါက ဒဏ်ငွေ ၅ သောင်းထိ
ပေးဆောင် ရမည် ဖြစ်ကြောင်း သိရသည်။""
*****မန္တလေးသတင်းတပ်ဖွဲ့*****
အေးချမ်းမွန် Credit To >မန္တလေးသတင်းတပ်ဖွဲ့ < Thankhttps://www.facebook.com/excellencemedia
Post a Comment