ဒီဇင်ဘာ ၇။
ဆီးရီးယားနိုင်ငံ မြောက်ပိုင်တွင်း အီရတ်နိုင်ငံသား အလွတ်တမ်း ဓာတ်ပုံသတင်းထောက် ဂျွာမိုင်လီသည် အယ်လ်ကေဒါး တို့နှင့် ပတ်သတ်မှုရှိသည့် လက်နက်ကိုင်သူပုန်တစ်ဖွဲ့ ပြန်ပေးဆွဲကာပစ်သတ်လိုက်ကြောင်း သိရသည်။
ဂျွာမိုင်လီသည် ဆီးရီးယားနိုင်ငံတစ်ဝန်းတွင် ၂၀၁၁ခုနှစ် မတ်လမှ
စတင်ကာ သတ်ဖြတ်ခံရသော နိုင်ငံခြားသား စာနယ်ဇင်
သမားများအနက် ရှစ်ယောက်မြောက်ဖြစ်ပြီး သူပုန်များ သိမ်းပိုက်ထားသော မြောက်ပိုင်းဒေသတွင် အသတ်ခံရသည့် ပထမဆုံး နိုင်ငံခြားသား ဓာတ်ပုံသတင်းထောက်တစ်ဦး ဖြစ်သည်။
ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြားသတင်းထောက်အဖွဲ့က
ဂျွာမိုင်လီကို ဒီဇင်ဘာ ၄ရက်က အယ်လ်ကေးဒါး ထောက်ပံ့မှု
ပေးထားသော ISILအဖွဲ့က Idlib ပြည်နယ်ခရီးစဉ်တွင်
ပြန်ပေးဆွဲသွားခဲ့ပြီင်္း နောက်တစ်ရက်တွင် အသတ်ခံ လိုက်ကြကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ဂျွာမိုင်လီသည် စပိန်မီဒီယာတစ်အတွက် အလက်ပိုပြည်နယ် တစ်လျှောက် တွင် ၁၀ရက်တာ အလွတ်တန်း ဓာတ်ပုံသတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ ဂျွာမိုင်လီကို လက်နက်ကိုင်သုံးဦးက ပြည်နယ်စစ်ဆေးရေးဂိတ်တွင် ကားပေါ်မှ ဆွဲချသွားပြီး ပစ်သတ်ခဲ့သည်ဟု ဆိုသည်။ တူရကီအာဏာပိုင်များက ဂျွာမိုင်လီ၏ အလောင်းကို ဆီးရီးယားမှ ထုတ်ကာ နိုင်ငံတွင်း ယူဆောင်ခွင့်မရှိဟု တားမြစ်ခဲ့သည်။ ဂျွာမိုင်လီ ၃၄နှစ်သည် အိမ်ထောင်သည် တစ်ဦးဖြစ်ပြီး သား သမီး သုံးယောက် ရှိကြောင်း သိရသည်။
ယခုအချိန်အထိ ဆီးရီးယားတွင် ဆီးရီးယားနိုင်ငံသား ပရိုစာနယ်ဇင်သမား ၁၂ဦးနှင့် အပျော်တမ်းစာနယ်ဇင်းသမား ၉၁ဦး သေဆုံးခဲ့ပြီဖြစ်သည်။
Ref: Al jazeera
အေးချမ်းမွန် Credit To >The Myanma Age < Thankhttps://www.facebook.com/excellencemedia
Post a Comment