0
Saturday, 07 December 2013 10:19

(၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်အားကစား ပြိုင်ပွဲ၌ လှေလှော်ရွက်တိုက် အားကစားပြိုင်ပွဲ ကျင်းပမည့် ငွေဆောင်ကမ်းခြေတွင် နိုင်ငံတော် သမ္မတ၏ အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီဝင် ဦးလှမောင်ရွှေ၏ ရွှေမိသားစု ကုမ္ပဏီမှ သိမ်းယူထားသည့် အုန်းခြံများနှင့် လယ်ယာမြေ၊ တောင်မြေ အသိမ်းခံ တောင်သူများ အနေဖြင့် လယ်ယာမြေပြန်လည် ရရှိရေးအတွက် Poster Campaing ပြုလုပ်နေကြောင်း သိရသည်။

"ဆီးဂိမ်းစ်ပွဲက ကျွန်တော်တို့ မြန်မာတစ်မျိုးသားလုံးရဲ့ အမျိုးသား ပွဲတော်တစ်ခု ဖြစ်ပါတယ်။ ဂုဏ်လည်းယူပါတယ်။ ကြိုလည်း ကြိုဆိုပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မတရား ခံနေရတာကိုတော့ သိစေချင်တယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ အသိမ်းခံရတဲ့ မြေနေရာတွေမှာ ဘယ်သူသိမ်းထားတဲ့ မြေဆိုတာကို ဗီနိုင်းတွေ၊ စာရွက်တွေနဲ့ရေးပြီး ကပ်ထားတယ်။ နောက် တီရှပ်ကမ်ပိန်း လုပ်ဖို့လည်း စီစဉ်ထားတယ်။ ကျွန်တော်တို့ ဆန္ဒပြဖို့ အစီအစဉ် မရှိပါဘူး။ သိစေချင်လို့သာ ဒီလိုကပ်ထားရတာ" ဟု မြေယာအသိမ်းခံ ရသူများအရေး ဆောင်ရွက်နေသူ ငွေဆောင်ဒေသမှ ဦးသိန်းအောင်က ပြောကြားသည်။

အသိမ်းခံထားရသော မြေများပေါ်တွင် "ဦးလှမောင်ရွှေ၊ ရွှေမိသားစု ကုမ္ပဏီမှ အဓမ္မ သိမ်းဆည်းခံရသော တောင်သူများ" ဟူ၍လည်းကောင်း၊ "ဟိုတယ်များမှ အဓမ္မ သိမ်းဆည်းထားသော မြေများ ပြန်ပေးပါ" ဟူ၍လည်းကောင်း၊ ဗီနိုင်းနှင့် စက္ကူများပေါ်တွင် အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားပြီး ယင်းစာများအား သိမ်းဆည်းထားသည့် မြေများပေါ်တွင် လူအများ မြင်တွေ့နိုင်စေရန် ကပ်ထားကြောင်း သိရသည်။ ၎င်းအပြင် ဆီးဂိမ်းစ် ဖွင့်ပွဲရက်တွင် အသိမ်းခံ တောင်သူများက အဆိုပါ စာတမ်းပါ တီရှပ်များကို တီရှပ်ကမ်ပိန်းအဖြစ် ၀တ်ဆင်သွားမည်ဟု သိရသည်။
အဆိုပါ မြေယာများနှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၂ ရက်တွင် ပုသိမ်ခရိုင် အတွင်းရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အပါအ၀င် ဌာနဆိုင်ရာအချို့ လာရောက်ကာ စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဟု . . . . .

"သမ္မတကြီး လာတဲ့နေ့က မြေယာသိမ်းတဲ့ ကိစ္စတွေကို အမြန်ဆုံး စိစစ်အကောင်အထည်ဖော်ဖို့ ညွှန်ကြားခဲ့တယ်လို့ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်က ပြောတယ်။ ကျွန်တော်တို့ကို ဒီဇင်ဘာ ၁၂ ရက်မှာ လာရောက်စစ်ဆေးမယ်လို့လဲ ပြောတယ်။ ဒါကြောင့် ကျွန်တော်တို့ အသိမ်းခံရတဲ့ မြေနေရာတွေဖြစ်တဲ့ ငွေဆောင်၊ သဇင်၊ ဘူးကွဲ၊ ဖုန်းမောင်ကြိုင်နဲ့ ၂၃ မိုင် စတဲ့ရွာတွေမှာ ပြန်ပေးခဲ့ရင် စနစ်တကျရှိအောင် စိစစ်တာတွေ ဆောင်ရွက်နေတယ်" ဟု ဦးသိန်းအောင်မှ ဆက်လက် ပြောကြားသည်။

အဆိုပါ မြေယာများနှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၂ ရက်တွင် ပုသိမ်ခရိုင် အတွင်းရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အပါအ၀င် ဌာနဆိုင်ရာအချို့ လာရောက်ကာ စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။ အဓမ္မ သိမ်းဆည်းခံထားရသည့် မြေယာများပေါ်တွင် ဗီနိုင်းအချပ်ပေါင်း ၄၀ ကျော် ကပ်ထားပြီး ဦးသိန်းအောင်၊ ဦးချစ်ယုံနှင့် ဦးအောင်မြင့်တို့က အဆိုပါမြေများ ပြန်လည်ရရှိရေးအတွက် ဦးဆောင်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတ၏ အကြံပေးကောင်စီ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးလှမောင်ရွှေမှာ ငွေဆောင်ကမ်းခြေတွင် Silver View အမည်ဖြင့် ဟိုတယ်ဖွင့်လှစ်ထားပြီး ပြည့်ဖြိုးကျော် ကုမ္ပဏီကိုလည်း တည်ထောင်လုပ်ကိုင်လျက် ရှိသည်။ ၎င်းအပြင် ဦးလှမောင်ရွှေမှာ မြန်မာငြိမ်းချမ်းရေး စင်တာတွင်လည်း အကြီးတန်း အရာရှိ တစ်ဦးအဖြစ် ဆောင်ရွက်လျက် ရှိသည်။

သိမ်းဆည်းခံထားရသည့် မြေယာပေါ်တွင် ကပ်ထားသော ဗီနိုင်းအား တွေ့ရစဉ်

အေးချမ်းမွန် Credit To >Sa Maung < Thankhttps://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top