0

Created on Saturday, 30 November 2013 19:24 

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် နိုင်ငံတကာ ရုပ်သံထုတ်လွှင့်မှု များအတွက် Broadcasting Booth တစ်ခန်းလျှင် အမေရိကန်ဒေါ်လာ ၄၅၀၀၀ နှုန်းဖြင့် မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ အင်ဒိုနီးရှား နိုင်ငံတို့မှ ငှားရမ်းစာချုပ် ချုပ်ဆိုထားပြီးဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာ ရှင်းလင်းပွဲ၌ သိရသည်။

IBC,MPC မဏိရတနာ ကျောက်စိမ်းခန်းမတွင် Booths အခန်း ၂၀ ဆောက်လုပ်ထားကာ အားကစားပြိုင်ပွဲ တစ်လျှောက်လုံး အသုံးပြုနိုင်ပြီး တစ်ခန်းလျှင် အမေရိကန်ဒေါ်လာ ၄၅၀၀၀ ဖြင့် မလေးရှား လေးခန်း၊ ထိုင်းသုံးခန်းနှင့် ဗီယက်နမ်၊ စင်ကာပူ၊ အင်ဒိုနီးရှား နိုင်ငံတို့သည် နှစ်ခန်းနှုန်းဖြင့် စာချုပ်ထားကြောင်း သိရသည်။
အားကစားကွင်း အတွင်းမှ ရိုက်ကူးသတင်းများကိုလည်း ပြည်ပသို့ ပို့လိုပါက ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်နိုင်စေရန် စီမံပေးထားပါတယ်။ Booth ငှားရမ်းသုံးစွဲခြင်း မပြုသည့် နိုင်ငံတကာ ရုပ်သံလွှင့် ဌာနများ အနေဖြင့်လည်း လိုအပ်သော ရိုက်ကူးချက်များကို အခကြေးငွေပေးကာ ရယူနိုင်စေရန်လည်း စီမံထားပါတယ် . . . . .

အဆိုပါ Booths တစ်ခန်းတွင် လုပ်ငန်းလိုအပ်သည့် ရုံးသုံးစားပွဲ၊ ခုံမှ Wi-Fi နှစ်သက်ရာ အားကစားပွဲ ၁၀ မျိုးကို အစမှအဆုံး ရိုက်ကူးထားချက်များကို ပံ့ပိုးပေးထားပြီး ထပ်မံလိုအပ်သည်များကို ညှိနှိုင်းရယူနိုင်ကာ ပိုမိုလိုအပ်သော အားကစားပွဲများ အတွက်လည်း အခကြေးငွေပေးကာ ရယူနိုင်ကြောင်း၊ နိုင်ငံတကာ ရုပ်သံဌာနများသို့ ပေးပို့လိုသော ရုပ်သံလွှင့်ချက်များကိုလည်း ဆက်သွယ်ရေး ဂြိုဟ်တုမှတစ်ဆင့် ပေးပို့ခြင်းကိုလည်း အခကြေးငွေပေးကာ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ပြန်ကြားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းကြည်က "အားကစားကွင်း အတွင်းမှ ရိုက်ကူးသတင်းများကိုလည်း ပြည်ပသို့ ပို့လိုပါက ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်နိုင်စေရန် စီမံပေးထားပါတယ်။ Booth ငှားရမ်းသုံးစွဲခြင်း မပြုသည့် နိုင်ငံတကာ ရုပ်သံလွှင့် ဌာနများ အနေဖြင့်လည်း လိုအပ်သော ရိုက်ကူးချက်များကို အခကြေးငွေပေးကာ ရယူနိုင်စေရန်လည်း စီမံထားပါတယ်။ ထိုသို့ တစ်ခန်းလျှင် အမေရိကန်ဒေါ်လာ ၄၅၀၀၀ ရယူထားခြင်းသည် နည်းပညာဆိုင်ရာ လိုအပ်ချက် ဆောင်ရွက်ပေးခြင်းများ အတွက်သာ ဖြစ်သည်။ ထိုသို့သော ရိုက်ကူးရေး ထုတ်လွှင့်ရေးတို့အတွက် နိုင်ငံတော်မှ စိုက်ထုတ်ကုန်ကျမှုသည် ပမာဏ များပြားလှပါသည်။ ထိုပမာဏအတွက် အထိုက်အလျောက် ကာမိရေး၊ နိုင်ငံတကာ Broadcaster များလည်း ပေးအပ်နိုင်မည့် ပမာဏဖြစ်ရေး၊ ယခင်ဆီးဂိမ်းစ် ပြိုင်ပွဲများတွင် ကောက်ခံသော နှုန်းထားအတိုင်း ဖြစ်စေရေးတို့ကို အထူးအလေးထား ညှိနှိုင်းတွက်ချက် သဘောတူညီချက် ရရှိပြီးမှ သတ်မှတ်ရယူ ခဲ့ခြင်းဖြစ်ပါတယ်" ဟုပြောကြားခဲ့သည်။

ဆက်လက်၍ "နိုင်ငံတကာ ရုပ်သံသတင်းနှင့် အစီအစဉ် ထုတ်လွှင့်သူများသည် ရုပ်သံရိုက်ကူးရေး စတူဒီယိုခန်းအတွင်း ရိုက်ကူးထုတ်လွှင့်လိုသော အစီအစဉ်များ ရိုက်ကူးလိုပါကလည်း ရိုက်ကူးနိုင်စေရေး Small Studio တစ်ခုကို IBC တွင် ဆောက်လုပ်ပေးထားပါတယ်။ ကင်မရာသုံးလုံး ပါဝင်တယ်။ ရိုက်ကူးရေး စတူဒီယို တစ်ခု၏ Facilities များ ပါဝင်တယ်။ ဒါကိုလည်း ငှားရမ်းအသုံးပြု ရိုက်ကူးနိုင်ပါတယ်" ဟု ဦးဝင်ကြည်က ပြောကြားခဲ့သည်။

မဏိရတနာ ကျောက်စိမ်းခန်းမတွင် ဖွင့်လှစ်ထားရှိသည့် မီဒီယာ စင်တာအတွင်းရှိ Booths အခန်းများကို နိုင်ငံတကာမှ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူနှင့် အင်နီးနီးရှားနိုင်ငံတို့ ငှားရမ်းစာချုပ် ချုပ်ဆိုခဲ့သော်လည်း ဘရူနိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှာ မငှားရသေးကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top