Saturday, December 07, 2013
တပ်မတော် နည်းပညာ တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၁၆) သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ဒီဇင်ဘာ ၆ရက် ညနေ ၆ နာရီတွင် ပြင်ဦးလွင်မြို့ တပ်မတော် နည်းပညာ တက္ကသိုလ်၊ ဗိုလ်လောင်း တန်းပေါင်းစီ ကွင်း၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။
အဆိုပါ သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဒုတိယ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ နှင့်ဇနီးများ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အရှေ့မြောက် တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြင်ဦးလွင် တပ်နယ်မှူး၊ တပ်မတော် နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပြင်ဦးလွင် တပ်နယ်မှ တပ်မတော် အရာရှိကြီး များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းဆင်း အရာရှိများ၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။
ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သင်တန်းဆင်း အရာရှိများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းဆင်း အရာရှိများ၊ မိဘဆွေမျိုးများ နှင့်အတူ ညစာသုံးဆောင်ကြသည်။ ညစာ သုံးဆောင်အပြီးတွင် ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်၊ မြဝတီ တေးဂီတ အဖွဲ့နှင့် အငြိမ့်အဖွဲ့ တို့၏ ဖျော်ဖြေ တင်ဆက် မှုအား ကျောင်းဆင်း အရာရှိများ၊ မိဘဆွေမျိုးများ နှင့်အတူ တက်ရောက်ကြည့်ရှု အားပေး ခဲ့ကြောင်း သတင်း ရရှိသည်။
အေးချမ်းမွန် Credit To >မြ၀တီ < Thankhttps://www.facebook.com/excellencemedia
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.