0


By mmweather.ygn, on December 7th, 2013
http://blog.mmweather.com/2013/12/07/tropical-cyclone-madi-06b/

ဒီဇင်ဘာလ ၇ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် နောက်ဆုံးရရှိသည့် အချက်အလက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း 06B အား အပြည်ပြည်ဆိုင်ရာအမည် MADI ဟု ပေးလိုက်ပြီ ဖြစ်ပါသည်။ (ပုံ-၁)

MADI သည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျှက်ရှိပြီး အိန္ဒိယနိုင်ငံ ချင်နိုင်းမြို့ အရှေ့တောင်ဘက် မိုင် ၃၂ဝ ခန့်၊ ကိုကိုးကျွန်းလေဆိပ်၏ အနောက်တောင်ဘက် ၆၃၅ မိုင်ခန့်၊ စစ်တွေမြို့ အနောက်တောင်ဘက် ၈၃၅ မိုင်ခန့် ပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး၊ လွန်ခဲ့သည့် ၆ နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်သို့ တစ်နာရီ ၉ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရပါသည်။

နောက်ဆုံးရရှိသည့် GFS ကွန်ပျူတာမော်ဒယ်ခန့်မှန်းချက်အရ ဒီဇင်ဘာလ ၉ ရက် မြန်မာစံတော်ချိန် ဝ၉း၃ဝ နာရီတွင် ဗဟိုလေတိုက်နှုန်း 70 knots(80.55 mph) အထိ မြင့်မားလာမည်ဟု ခန့်မှန်းထားပြီး မြောက်-အရှေ့မြောက်ဘက်သို့ စတင်၍ ချိုးကွေ့နိုင်မည်ဟု ခန့်မှန်းထားပါသည်။

ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် မြောက်အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး မြန်မာစံတော်ချိန် ၁၅း၃ဝ နာရီတွင် ရွေ့လျားမှုကျဆင်းကာ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် အနောက်တောင်ဘက်သို့ ပြန်လည်ချိုးကွေ့၍ အိန္ဒိယနိုင်ငံ ချင်နိုင်းမြို့အရှေ့ဘက် မိုင် ၁၉ဝ ခန့်သို့ ရောက်ရှိ ဗဟိုပြုနေမည်ဟု ကြိုတင် ပုံဖေါ်ခန့်မှန်းထားပါသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ဒီဇင်ဘာ ၁၄ ရက် ညပိုင်းတွင် အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်တောင်ပိုင်းနှင့် သီရိလင်္ကာကျွန်းမြောက်ပိုင်းအား ဖြတ်ကျော်၍ အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းထားပါသည်။ (ပုံ-၂)

ဒီဇင်ဘာလ ၁၄ ရက်၌ မုန်တိုင်း MADI သီရိလင်္ကာနိုင်ငံမြောက်ပိုင်းသို့ ချဉ်းကပ်ဖြတ်ကျော်စဉ် ပုသိမ်မြို့ အနောက်ဘက် မိုင်၁၅ဝ ခန့် ပင်လယ်ပြင်တွင် အားအသင့်အတင့်ရှိသည့် လက်ဝဲရစ်လေဝဲတစ်ခု ဖြစ်ပေါ်နိုင်မည့် အခြေအနေမှလွဲ၍ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း MADI(06B)သည် မြန်မာနိုင်ငံဘက်သို့ အန္တရာယ်ပေးနိုင်မည့် ရာနှုန်းအလွန်နည်းသွားပြီ ဖြစ်ကြောင်းအသိပေးတင်ပြအပ်ပါသည်။ ကွန်ပျူတာမော်ဒယ်မှ ကြိုတင်ခန့်မှန်းချက် ဖြစ်ပြီး ပြောင်းလဲ ဖြစ်ပေါ်မည့် အခြေအနေအား ဆက်လက်စောင့်ကြည့်၍တင်ပြပေးသွားပါမည်။

Tropical Cyclone MADI(06B)
07 Dec 2013 1200Z
Location: 11.0 84.5
Winds: 60 knots
Central Pressure: 978 hPa

အေးချမ်းမွန် Credit To >MMweather Page < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top