0


ပြည်တွင်း၌ ဟစ်ဟော့ပ်ဂီတ စတင်လာသည့် အချိန်တွင် Rocker အဆိုတော် ကြီး လေးဖြူက ဟစ်ဟော့ပ်ဂီတအား ချောင်းလေးမြောင်းလေး ပါဟု ဝေဖန် ခဲ့ဖူးကြောင်း ဟစ်ဟော့ပ်အဆိုတော် သားစိုးက People Power သတင်းစာသို့ ပြောကြားသည်။

“ဟစ်ဟော့ပ်ဂီတကိုစိတ်ဝင်စားပြီး စလုပ်တဲ့အချိန် ၁၉၉၈-၉၉ခုနှစ်လောက်မှာ ဦးလေးဖြူ ပြောတဲ့စကား စိတ်ထဲမှာ အရမ်းစိတ်မကောင်းဖြစ်ပြီး လူငယ် သဘာဝ အရမ်းခံစားခဲ့ရတယ်။ ဒါပေမယ့် စိတ်ဓာတ်မကျဘဲဆက်လုပ်ခဲ့တော့ အခုမြန်မာနိုင်ငံမှာ ဟစ်ဟော့ပ် အဆိုတော်တွေ အများ ကြီးပေါ်လာသလို ဟစ်ဟော့ပ် ဂီတကိုလည်း အားပေးတဲ့ပရိသတ်တွေ အများကြီး ရှိလာတယ်” ဟု ဟစ်ဟော့ပ် အဆိုတော် သားစိုးက ပြောကြားသည်။

ပြည်တွင်း၌ ဟစ်ဟော့ပ်ဂီတ စတင်ပေါ်ပေါက်လာသည့် အချိန်တွင် အမျိုးမျိုး ဝေဖန်ကဲ့ရဲ့မှုများ ရှိသော်လည်း စိတ်ထဲမှာ မထားဘဲ ၀ါသနာပါရာ ဆက်လုပ် ခဲ့သည့်အတွက် ဟစ်ဟော့ပ်ဂီတပြည်တွင်း၌ ၁၃နှစ်တိုင် ရပ်တည်လာနိုင်ခဲ့ ခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“အောင်မြင်မှုလည်း ရှိလာပြီဆိုတော့ ဆက်လက်ချီတက်ကြပါ။ ပြည်တွင်းမှာ ဟစ်ဟော့ဂီတရဲ့တိုးတက်မှု အနေအထားကို ကြည့်ပြီး၊ ဟစ်ဟော့ပ် ဂီတ နှစ် ၄၀ ပြည့် အခမ်းအနား မြန်မာနိုင်ငံမှာ လာကျင်းပတာလည်း ဂုဏ်ယူပါတယ်။ Hip Hop Forever လို့ မြင်ပါတယ်” ဟု သားစိုးက ပြောကြားသည်။

အေးချမ်းမွန် Credit To >People power < Thankhttps://www.facebook.com/excellencemedia
1

Post a Comment

 
Top