0

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

မိကျောင်းကန် သပိတ်စခန်း ဖွင့်လှစ်ထားမှု ၁၇ ရက်နေ့မြောက်တွင် လယ်ယာမြေ စုံစမ်းရေး ကော်မရှင်မှ အဖွဲ့ဝင် ဖြစ်သော ဦးအောင်သိန်းလင်းက မိကျောင်းကန် ပြည်သူများ၏ နစ်နာ မှုများအား စုံစမ်းစစ် ဆေးနေသည် ဆိုသော ကတိက၀တ်ပါသော လက်မှတ်အား ရေးထိုးခဲ့၍ သပိတ်စခန်း ဖျက်သိမ်းပေးခဲ့ခြင်း ဖြစ်ကြောင်း ဦးစိန်သန်း၏ သမီးဖြစ်သူ မနီနွယ်သန်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ထိုသပိတ်စခန်းအား ဒီဇင်ဘာ ၁၂ရက်နေ့၊ နေ့လယ် ၁၁ ခွဲ အချိန်ခန့်တွင် သဘောတူညီချက် လက်မှတ် ရေးခဲ့ခြင်းဖြစ်ပြီး ၎င်းကဲ့သို့ သပိတ်စခန်း ပိတ်သိမ်းခဲ့ခြင်းနှင့် ပတ်သက်၍ ဦးစိန်သန်း၏ သမီးဖြစ်သူ မနီနွယ်သန်းက ““သပိတ်စခန်းနဲ့ ပတ်သက်ပြီး ညီမတို့ တောင်းဆိုထားတဲ့ အတိုင်း ဒီမြေရာကော်မရှင် စုံစမ်း စစ်ဆေးရေး ကော်မရှင် တစ်ခုခုက ညီမတို့ကို လက်မှတ်ထိုးပြီး စုံစမ်းစစ်ဆေးနေပါတယ် ဆိုတဲ့ ကတိ က၀တ်ပေါ့။ အဲဒီ လက်မှတ်ပါရမယ်လို့ ပြောထားတယ်။ … အဲဒီအတိုင်းပဲ ဦးအောင်သိန်းလင်းက ရောက်လာပြီး မိကျောင်းကန်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင် လွဲအပ်ပြီးတော့ စုံစမ်း စစ်ဆေးနေပါတယ်ဆိုတဲ့ လက်မှတ်ပေါ့။ အဲဒီ လက်မှတ်နဲ့ အတူရောက်လာတယ်။ ရောက်လာပြီးတော့ ခေါင်းဆောင် ဦးစိန်သန်းနဲ့ ဆွေးနွေးခဲ့တယ်။ ဆွေးနွေးပြီးတော့ ဦးအောင်သိန်းလင်းရဲ့ လက်မှတ်နဲ့ ဆောင်ရွက် စစ်ဆေးနေပါတယ်ဆို တဲ့လက်မှတ်ကို ရေးထိုးခဲ့ပါတယ်”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

ထိုစုံစမ်းစစ်ဆေးမှုအား အချိန် အကန့်အသတ်အနေဖြင့် ၃လ အထိ တောင်းခံခဲ့မှုအပေါ် ၎င်းမှထပ်မံ၍ ““ ဦးအောင်သိန်းလင်းတို့ဘက်ကို အချိန်သတ်မှတ် ခိုင်းသော်လည်း ၃ လထိလို့ ညီမတို့က သတ်မှတ်လိုက်တယ်။ သတ်မှတ် လိုက်တော့ ကတိက၀တ် ဖောက်ဖျက်တာပဲဖြစ်ဖြစ် တစ်စုံတစ်ရာ အဖြေ မထွက်လာဘူးဆိုရင် ဒီထက်ကြီးတဲ့ အင်အားစုတွေနဲ့ ထပ်ပြီး တောင်းဆိုသွားမယ်”” ဟု၎င်းမှ မြန်မာသံတော်ဆင့်သို့ ပြောသည်။

၎င်းလက်မှတ်ရေးထိုးမှုကိစ္စနှင့် ပတ်သက်၍ ဦးအောင်သိန်းလင်းထံ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းနံပါတ် ၀၉၈၆၀၁၁၄၂ အနေဖြင့် အ၀င်ဖုန်း လက်ခံမှု ပိတ်ထားပြီး ဖုန်းနံပါတ် ၀၉၈၆၂၂၂၂၁ အနေဖြင့်လည်း ဖုန်းပိတ်ထားခြင်းနှင့် ကြုံတွေ့ရသည်။

ထို မိကျောင်းကန် အပိုင်း ၁၊၂၊၃ ရပ်ကွက်အတွင်း လူနေအိမ်များကို ၁၉၉၁ ခုနှစ်တွင် ရန်ကုန်တိုင်း တပ်မတော် ကွပ်ကဲရေးရုံးမှ ဖယ်ရှားခဲ့ပြီး ဖယ်ရှားခံရသူများအား လူမနေသော မြို့သစ်များသို့ ပြောင်းရွှေ့ပေးခဲ့သည်။ ယင်းနောက် စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများကို အခကြေးငွေဖြင့် ငှားရမ်းကာ နှစ်ပေါင်း ၂၀ခန့် လုပ်ကိုင် စေခဲ့ပြီး အတည်တကျ ဖြစ်နေချိန်၌ ၂၀၁၃ခုနှစ် ဧပြီလ နောက်ဆုံးထား၍ ဖယ်ရှား စေခဲ့ခြင်းဖြစ်သည်။

ချမ်းမြေ့ခိုင်

Aye Chan Mon# မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်

Credit To :Myanmartandawsint Newspaper
https://www.facebook.com/excellencemedia
2

Post a Comment

 
Top