ပထမဦးဆုံး မြန်မာငွေတရားဝင် လဲလှယ်နိုင်သည့် မြို့အဖြစ် ရွှေလီမြို့တွင် မြန်မာငွေနှင့် တရုတ်ယွမ်ငွေ လဲလှယ်ခြင်း လုပ်ငန်းများ စမ်းသပ်လုပ်ကိုင်
Created on Wednesday, 11 December 2013 18:39
တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပုဂ္ဂလိက အနေဖြင့် နိုင်ငံခြားငွေ လဲလှယ်ရေး လုပ်ငန်းများကို တရုတ်အစိုးရမှ စမ်းသပ်လုပ်ကိုင်ခွင့် ပြုထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ရွှေလီမြို့တွင် မြန်မာငွေနှင့် တရုတ်ယွမ်ငွေ လဲလှယ်ရေး လုပ်ငန်းများ စမ်းသပ်လုပ်ကိုင် နေပြီဖြစ်ကြောင်း ရွှေလီမြို့ ပါတီကော်မတီ အတွင်းရေးမှူး မစ္စတာချိက်စစ်ဟုန်က ပြောကြားသည်။
"ရွှေလီမှာ ပုဂ္ဂလိက အနေနဲ့ နိုင်ငံခြားငွေ လဲလှယ်နိုင်သလို တရုတ်ယွမ်ငွေနဲ့ မြန်မာငွေ လဲလှယ်မှု လုပ်ငန်းကိုလည်း စမ်းသပ်လုပ်ကိုင် နေပြီဖြစ်ပါတယ်။ နိုင်ငံတော်ကလည်း ရွှေလီကို ပုဂ္ဂလိက အနေနဲ့ နိုင်ငံခြားငွေ လဲလှယ်ရေးလုပ်ငန်း စမ်းသပ်လုပ်ကိုင်ခွင့် ပြုထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းရှင် နှစ်ဦးဟာ မြန်မာငွေ လဲလှယ်ရေး လုပ်ငန်းတွေကို တရားဝင် လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှ ပထမဦးဆုံးသော မြန်မာငွေ တရားဝင် လဲလှယ်နိုင်တဲ့မြို့ ဖြစ်လာပါတယ်" ဟု ရွှေလီမြို့ ပါတီကော်မတီ အတွင်းရေးမှူး မစ္စတာချိက်စစ်ဟုန်က ဆိုသည်။
ရွှေလီဂိတ်ကနေ ဖြတ်သန်းသွားတဲ့ ကုန်သွယ်မှု ပမာဏဟာ ယူနန်ပြည်နယ်က မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုရဲ့ ရာခိုင်နှုန်း ၆၀ ရှိပြီး တစ်နိုင်ငံလုံးက မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုရဲ့ ရာခိုင်နှုန်း ၃၀ ၀န်းကျင် ရှိနေပါတယ် . . . . .
တရုတ်-မြန်မာ နယ်စပ်ဂိတ်များအနက် ရွှေလီ-မူဆယ်ဂိတ်သည် လူဝင်လူထွက်၊ ယာဉ်အ၀င်အထွက်၊ ကုန်အ၀င်အထွက် အများဆုံးဂိတ်ဖြစ်ပြီး ယူနန်ပြည်နယ် နယ်စပ်ဂိတ်များမှာလည်း ကုန်သွယ်မှုပမာဏ အများဆုံး၊ လူနှင့်ယာဉ် အ၀င်အထွက် အများဆုံး ဂိတ်ဖြစ်ကြောင်း သိရသည်။
"ရွှေလီဂိတ်ကနေ ဖြတ်သန်းသွားတဲ့ ကုန်သွယ်မှု ပမာဏဟာ ယူနန်ပြည်နယ်က မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုရဲ့ ရာခိုင်နှုန်း ၆၀ ရှိပြီး တစ်နိုင်ငံလုံးက မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုရဲ့ ရာခိုင်နှုန်း ၃၀ ၀န်းကျင် ရှိနေပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ အနေနဲ့ ကုန်အမျိုးအစားခွဲရဲ့ အကောက်ခွန် စစ်ဆေးခြင်း၊ အင်တာနက်နဲ့ ငွေပေးချေခြင်း၊ နိုင်ငံတော် အထူးစီမံကိန်းများအတွက် သီးသန့်သတ်မှတ် လုပ်ကိုင်ပေးခြင်း၊ ၂၄ နာရီ ၀င်ထွက်နိုင်ခြင်း၊ လိုအပ်ရင် လိုအပ်သလို ဆက်သွယ်၍ ၀င်ထွက်ခွင့်ပြုခြင်း၊ အစရှိတဲ့ လွယ်ကူချောမွေ့စေရေး လုပ်ငန်းစဉ်တွေကြောင့် ကုန်စည်ပို့ဆောင်မှုတွေ ပိုမိုလျင်မြန် စေခဲ့ပါတယ်" ဟုလည်း မစ္စတာ ချိက်စစ်ဟုန်က ပြောကြားသည်။
#Aye Chan Mon မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit To :Eleven Media Group
Post a Comment