Created on Wednesday, 11 December 2013 18:34
စက်မှုဝန်ကြီးဌာနအောက်ရှိ စက်ရုံနှစ်ရုံကို ငှားရမ်း/အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန်အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ တင်ဒါခေါ်ယူခဲ့ရာ ရွှေသံလွင် ထရေးဒင်း ကုမ္ပဏီလီမိတက် အပါအ၀င် ကုမ္ပဏီသုံးခုမှ အဆိုပြုလွှာ တင်သွင်းခဲ့သော်လည်း ဒုတိယအကြိမ် အဆိုပြုလွှာတင်ရန် ကြေညာခဲ့ရာ ရွှေသံလွင် ကုမ္ပဏီက ယှဉ်ပြိုင်မှု လက်လျှော့ခဲ့ပြီးနောက် အဆိုပါ တင်ဒါခေါ်ယူထားမှုကို ပယ်ဖျက်ခဲ့ကြောင်း စက်မှုဝန်ကြီးဌာန၏ ကြေညာချက်အရ သိရသည်။
အမှတ် (၂) အကြီးစား စက်မှုလုပ်ငန်းရှိ တာယာထုတ်လုပ်သည့် အမှတ် (၂၁)အကြီးစားစက်ရုံ (သထုံ)နှင့် အမှတ်(၂၂) အကြီးစားစက်ရုံ (ဘီးလင်း)တို့အား ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ငှားရမ်းခြင်း/အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန်အတွက် ၂၀၁၃ ခုနှစ် သြဂုတ်လ အတွင်းက တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ တင်ဒါခေါ်ယူခဲ့ရာ ရွှေသံလွင် ထရေးဒင်း ကုမ္ပဏီလီမိတက်၊ အောင်ထက်မြက် ကုမ္ပဏီလီမိတက်နှင့် Wide River Co., Ltd တို့က အဆိုပြုလွှာများ တင်သွင်းခဲ့ကြောင်း သိရသည်။ ထိုသို့ အဆိုပြုလွှာများ တင်သွင်းခဲ့ရာ တိုက်ရိုက်နှိုင်းယှဉ်ဆောင်ရွက်ရ
ဒုတိယအကြိမ် အဆိုပြုလွှာ တင်သွင်းရာတွင် အောင်ထက်မြက် ကုမ္ပဏီလီမိတက်နှင့် Wide River Co.,Ltd တို့က တင်သွင်းခဲ့သော်လည်း ရွှေသံလွင် ထရေးဒင်း ကုမ္ပဏီလီမိတက်မှ ဆက်လက်ပါဝင် ယှဉ်ပြိုင်ရန် လက်လျှော့ကြောင်း တင်ပြခဲ့ကြောင်း သိရသည်။
ရွှေသံလွင်မှ တင်ဒါယှဉ်ပြိုင်မှု နုတ်ထွက်ပြီးနောက် ယင်းစက်ရုံနှစ်ရုံ တင်ဒါခေါ်ယူမှုကို ပယ်ဖျက်ခဲ့ကြောင်း သိရသည်။
တင်ဒါပယ်ဖျက်ရသည့် အကြောင်းရင်းကိုမူ နိုင်ငံပိုင် စက်ရုံကြီးနှစ်ရုံအား နှစ်ရှည်ငှားရမ်းရာတွင် နိုင်ငံတော် အကျိုးစီးပွားအတွက် စက်ရုံများ၏ နည်းပညာပိုင်းဆိုင်ရာနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို ပြန်လည်သုံးသပ်ရန် လိုအပ်ပါသောကြောင့် ယင်းစက်ရုံ နှစ်ရုံအား ငှားရမ်းခြင်း/အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း တို့အတွက် ဖိတ်ခေါ်ခဲ့သော တင်ဒါကို ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်ဟု ဒီဇင်ဘာ ၁၀ ရက်ထုတ် အစိုးရပိုင် သတင်းစာတွင် ထည့်သွင်းကြေညာခဲ့ကြောင်း သိရသည်။
စက်မှုဝန်ကြီးဌာနပိုင် အခြားစက်ရုံများဖြစ်သည့် အမှတ်(၁) အထည်စက်ရုံ (ရွှေတောင်)၊ အမှတ်(၄) အထည်စက်ရုံ (ပွင့်ဖြူ)၊ အမှတ်(၅) အထည်စက်ရုံ (ပခုက္ကူ)၊ အမှတ်(၆) အထည်စက်ရုံ (ဆားလင်းကြီး)စသည့် စက်ရုံများကိုလည်း ငှားရမ်းရန်အတွက် တင်ဒါခေါ်ယူထားကြောင်း သိရသည်။ ထို့ပြင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် အမှတ်(၈) အထည်စက်ရုံခွဲ၊ ၀ါကြိတ်စက်ရုံ (ရမည်းသင်း)၏မြေ၊ အဆောက်အအုံ၊ စက်နှင့်စက်ပစ္စည်းများကို ငှားရမ်းရန် ပုဂ္ဂလိက ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်များ တင်ဒါခေါ်ယူထားကြောင်း သိရသည်။
#Aye Chan Mon မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit To :Eleven Media Group
Post a Comment