Tuesday, 10 December 2013
အမေရိကန် ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု အေဂျင်စီ (DSCA) သည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံခန့် တန်ဖိုးရှိသော သီးခြား သဘောတူ စာချုပ် နှစ်ရပ်ဖြင့် အာရုံခံ ဒုံးကျည် ၁၄,ဝဝဝ စင်းနှင့် အခြား စစ်လက်နက်များ ဝယ်ယူရေး ဆော်ဒီ အာရေဗျ နိုင်ငံ၏ အဆို ပြုချက်ကို ခွင့်ပြု ပေးသွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၉ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
ထို့အပြင် ဆော်ဒီ အာရေဗျ နိုင်ငံသည် အဆိုပါ ဒုံးကျည်များနှင့် ပုံစံတူ ဒုံးကျည် ၁၇ဝဝ ကျော်ကိုလည်း လက်ခံ ရရှိမည် ဖြစ်သည်။
အဆိုပါ စာချုပ်သည် အရှေ့ အလယ်ပိုင်း ဒေသ လုံခြုံရေးနှင့် နိုင်ငံရေး တည်ငြိမ်မှု တိုးမြင့် လာစေရေး ကူညီပေးခြင်း ဖြစ်ပြီး အမေရိကန် နိုင်ငံ၏ အမျိုးသား လုံခြုံရေးကို ထောက်ကူ ပေးနိုင်မည် ဖြစ်ကြောင်း DSCA က ပြောကြားခဲ့သည်။
ဆော်ဒီ အာရေဗျ နိုင်ငံသည် အရှေ့ အလယ်ပိုင်း ဒေသရှိ အမေရိကန် နိုင်ငံ၏ အဓိက မိတ်ဖက်နိုင်ငံ တစ်နိုင်ငံ ဖြစ်ကြောင်း သက်သေပြသည့် အနေဖြင့် ဒုံးကျည်များ ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး ချက်ဟေဂယ်လ် က ပြောကြား ခဲ့သည်။
#Aye #Chan #Mon မှ ပြန်လည်မျဝေပါသည်
Credit To:မြ၀တီ
Post a Comment