နယူးယောက် ၊ ၂-၁၂-၂၀၁၃
နယူးယောက် မြို့၌ ယမန်နေ့ နံနက် ဒေသ စံတော်ချိန် ၇ နာရီ မိနစ် ၂၀ တွင် မြောက်ပိုင်းသွား မြို့ပတ် ရထားသည် နယူးယောက်မြို့ Grand Central ဘူတာသို့ ဦးတည်း သွားနေစဉ် Bronx မြို့နယ် ၊ Spyyten Dyvil ဘူတာအနီး အန္တရာယ်ကွေ့ အရောက်တွင် လမ်းချော် တိမ်းမှောက် ခဲ့ရာ ခရီသည် ၄ ဦးသေဆုံးပြီး ၁၁ ဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။
ဟတ်စင်မြစ် အနီး ဖြတ်သန်းနေစဉ် အန္တရာယ်ကွေ့ အရောက် အရှိန်မထိမ်း နိုင်ဘဲ တိမ်းမှောက်ခဲ့ရာ အတွဲ ၇ တွဲမှ ၅ တွဲ တိမ်းမှောက် ခဲ့သော်လည်း မြစ်ထဲသို့ ထိုးကျခဲ့ခြင်း မရှိကြောင်း သိရသည်။ ယင်းအန္တရာယ်ကွေ့ တွင်ပင် ဇူလိုင်လ ကလည်း အခြား ရထားတစ်စီး လမ်းချော် တိမ်းမှောက် ခဲ့သေးကြောင်း သိရသည်။
ကယ်ဆယ်ရေး အဖွဲ့များက ဘေးတစ်ဖက် တစ်ချက်ရှိ တောအုပ်တွင် ရထားပေါ်မှ လွှင့်စင် ကျသွားသည့် ခရီးသည်များ ရှိ- မရှိ တောနင်း ရှာဖွေခဲ့သည်။ တိမ်းမှောက် ရထားတွဲများမှာ အမြင့် ၁၂ ပေခန့် ရှိသဖြင့် မီးသတ် တပ်ဖွဲ့ဝင် ၁၃၀ ဦးခန့်က လှေကားများ အသုံးပြုကာ ရထားတွဲများ အတွင်းသို့ ၀င်နိုင်ရန် အတွက် ကြိုးပမ်း ခဲ့ကြသည်။
ရထားသည် ဆိုက်ရောက် ရမည့် Grand Central ဘူတာရုံနှင့် မိနစ်ပိုင်း အကွာတွင် တိမ်းမှောက် ခဲ့ခြင်းဖြစ်ပြီး ရှေ့ဆုံးတွဲ မှာ မြစ်ကမ်းပါး နှင့် တစ်ပေခန့် အကွာအထိ လွှင့်စင် ကျသွားကြောင်း သိရသည်။ ရထားတွဲမှာ အရှိန်မထိန်း နိုင်၍ တိမ်းမှောက် ခဲ့ခြင်းဖြစ်သည်ဟု ယူဆကြပြီး ဆက်လက် စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။
အေးချမ်းမွန် Credit To >The Myawady Daily< Thankhttps://www.facebook.com/excellencemedia
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.