0

͋Monday, December 2, 2013

ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အမှတ်(၆) ရပ်ကွက် နဝဒေးအိမ်ရာ အပြင် ပတ်လမ်းတွင် နိုဝင်ဘာ၂၉ ရက် ည ၁ဝ နာရီခန့်က လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

အမှုဖြစ်စဉ်မှာ နိုဝင်ဘာ ၂၉ ရက် ည ၁ဝ နာရီခန့်က လှိုင်သာယာမြို့နယ် မြို့မရဲစခန်းတွင် တာဝန်မှူး တာဝန် ထမ်းဆောင်နေသော ဒုတိယရဲအုပ် တေဇာမိုးထံသို့ နဝဒေးအိမ်ရာ ပတ်လမ်းတွင် ရန်ဖြစ်၍ အမျိုးသားတစ်ဦး သေဆုံးနေကြောင်း ဖုန်းသတင်း ပေးချက်အရ စခန်းမှူး ဒုတိယရဲမှူး သောင်းစိန်နှင့် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလျက် အဆိုပါ အခင်းဖြစ်ပွားရာ နေရာသို့ အချိန်နှင့် တစ်ပြေးညီ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ မင်းသူထက်(ခ) ခင်ဇော်ထွန်း (၂၇)နှစ် (ဘ) ဦးလှတင် ရွှေပြည်သာ မြို့နယ်တွင် နေသူဖြစ်ပြီး ဝဲဘက်နံရိုး ဖူးရောင်ပွန်း၊ ဝဲဘက်ခါး အထက်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက် ဒဏ်ရာများရရှိလျက် သေဆုံးနေကြောင်း တွေ့ရှိရပြီး လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားကြောင်း သိရသည်။ အဆိုပါ အမှုနှင့်ပတ်သက်၍ ဆက်လက်စစ်ဆေး ပေါ်ပေါက်ချက် အရ သေဆုံးသူ မင်းသူထက်နှင့် သူငယ်ချင်းများ ဖြစ်သည့် စောမင်းနိုင်နှင့် သန်းဇော်တို့ သုံးဦးသည် အခင်းဖြစ်ပွားရာ နေရာ အနီးတွင် ဆိုင်ကယ်ကို လမ်းပေါ်တွင် ရပ်၍ (အပေါ့အပါး) သွားနေစဉ် ပြစ်မှု ကျူးလွန်သူများ ဖြစ်သည့် ရဲတပ်သား စိုးပိုင် ၂၆ နှစ် (ဘ) ဦးသန့်ဇင် (လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့ စခန်း)၊ ရဲတပ်သား သက်ပိုင် ၁၉ နှစ်(ဘ) စစ်ဆေးချက်များ အရ အခင်း ဖြစ်ပွားစဉ် စိုးပိုင်မှ မင်းသူထက်အား တုတ်နှင့်ရိုက်ပြီး ရဲသွေးမှ စကေဘာနှင့် ထိုးကြောင်း ပေါ်ပေါက်ပြီး တာဝန်ကျ ဆရာဝန်၏ ပြောပြချက်အရ စကေဘာဖြင့် ထိုးစဉ် ကျောက်ကပ်တွင် ထိုးသွင်းဒဏ်ရာ ရရှိကာ ကျောက်ကပ် ကွဲ၍ ဝမ်းဗိုက်အတွင်း သွေးယိုစိမ့်၍ သေဆုံး ကြောင်းဆေးစာ ပြန်ကြားချက် အရ ရဲတပ်ဖွဲ့ဝင်၏ ရိုက်နှက်မှုကြောင့် သေဆုံးခြင်း မဟုတ်ဘဲ ရဲသွေးမှ စကေဘာနှင့် ထိုးသဖြင့် သေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။

ပြစ်မှု ကျူးလွန်သူများ ဖြစ်သည့် ရဲတပ်သား စိုးပိုင်နှင့် နိုင်ထူးရှိန်တို့အား အဆိုပါ အခင်းဖြစ်ပွားရာ နေရာ အနီးတစ်ဝိုက်တွင် သက်သေခံ ပစ္စည်းများဖြစ်သည့် တုတ်၊ စကေဘာတို့နှင့် ဖမ်းဆီးရမိပြီး ရဲတပ်သား သက်ပိုင်၊ ရဲသွေးနှင့် အမည်မသိ အမျိုးသမီး (နေရပ်လိပ်စာ စုံစမ်းဆဲ)တို့မှာ ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြောင်း သိရသည်။ ထွက်ပြေး တိမ်းရှောင်သွားသူများ အနက် ပြစ်မှုကျူးလွန်သူ ရဲသွေးအား နိုဝင်ဘာ ၃ဝ ရက် နံနက် ၉ နာရီ ၅ဝ မိနစ်ခန့်တွင် ထပ်မံ ဖမ်းဆီးရမိပြီး ဦးသန့်ဇင် (သင်္ဃန်းကျွန်း မြို့နယ် ရဲတပ်ဖွဲ့ စခန်း)၊ လှိုင်သာယာ မြို့နယ်နေ ရဲသွေး ၁၉ နှစ်(ဘ) ဦးတင်ရှိန်၊ နိုင်ထူးရှိန် (ဘ) ဦးမြင့်ကြိုင်၊ အမည်အသိ အမျိုးသမီး တစ်ဦးတို့ ရောက်ရှိလာပြီး လမ်းပေါ်တွင် ဘာကြောင့် ဆိုင်ကယ် ရပ်ထားရတာလဲဟု ပြောရာမှ အချင်း များကြပြီး တစ်ဖက်နှင့်တစ်ဖက် ခိုက်ရန် ဖြစ်ပွားရာမှ လူသေဆုံးရခြင်း ဖြစ်သည်။

အေးချမ်းမွန် Credit To > မြ၀တီ < Thankhttps://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top