0


Monday, December 2, 2013

၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ဂျာမနီ လက်ရွေးစင် အသင်းကသာ ချန်ပီယံ ဖလားကို ထပ်မံ ဆွတ်ခူးနိုင်မည် ဆိုပါက ကစားသမား တစ်ဦးစီကို ဆုငွေအဖြစ် ဒေါ်လာ ၄ဝ၈၃ဝဝ စီ ချီးမြှင့် ပေးအပ်သွား မည်ဟု ဂျာမနီ ဘောလုံးအဖွဲ့ချုပ်မှ ကြေညာခဲ့ကြောင်း နိုဝင်ဘာ ၂၉ ရက်က အင်တာနက် သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

ဂျာမနီ လက်ရွေးစင် အသင်းသည် လက်ရှိတွင် ကမ္ဘာ့အဆင့်နှစ် အဖြစ် သတ်မှတ်ခံ ထားရသည့် အင်အားကြီး အသင်းတစ်သင်း ဖြစ်ပြီး ကမ္ဘာ့ဖလားကို ၁၉၅၄၊ ၁၉၇၄ နှင့် ၁၉၉ဝ ပြည့်နှစ် တို့တွင် သုံးကြိမ် တိုင်တိုင် ဆွတ်ခူးထားနိုင်ပြီး ဥရောပချန်ပီယံဖလား ကိုလည်း ၁၉၇၂၊ ၁၉၈ဝ နှင့် ၁၉၉၆ ခုနှစ်တို့တွင် ရယူ နိုင်ခဲ့သည်။

အလားတူ ဂျာမနီ အသင်းသည် ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၏ ခြေစစ်ပွဲ အုပ်စုစီတွင် ၁ဝ ပွဲ ကစားထားရာ၌ ကိုးပွဲနိုင် တစ်ပွဲသရေဖြင့် ရှုံးပွဲမရှိ စံချိန်တင် ထားနိုင်ပြီး အုပ်စု ထိပ်ဆုံးတွင် ရပ်တည်လျက် ရှိကြောင်း သိရသည်။

အေးချမ်းမွန် Credit To >မြ၀တီ < Thankhttps://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top