0


တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ကျေးဇူးရှိပြီး မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမှုကြောင့် မြန်မာနိုင်ငံကို တရုတ်နိုင်ငံက အတော်စိတ်ဆိုးနေပြီး မြန်မာအစိုးရသည် တရုတ်နိုင်ငံကို ကြောက်နေရကြောင်းမြန်မာနိုင်ငံတွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ ခြိမ်းခြောက်မှုရှိခဲ့ပြီး ယင်းအဖွဲ့ကို တရုတ်က ထောက်ပံ့ ပေးခဲ့ဖူးကြောင်း၊ တရုတ်အထောက်အပံ့ ရပ်ဆိုင်းသွားမှသာလျှင် ဗမာပြည်ကွန်မြူနစ်ပါတီ ချုပ်ငြိမ်းသွားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နယ်စပ်ဒေသတွင် ထောက်ပံ့မှုများပြုလုပ်ပြီး မတည်ငြိမ်အောင် လုပ်ဆောင်နိုင်သဖြင့် တရုတ်နိုင်ငံက မြန်မာအပေါ် စိတ်ကွက်မည်ကိုစိုးရိမ်ကြောင်း၊ ရပ်ဆိုင်းလိုက်သည့် မြစ်ဆုံစီမံကိန်းအတွက် တရုတ်နိုင်ငံက တောင်းဆိုလာပါက ဒေါ်လာသုံးဘီလီယံခန့် လျှော်ကြေးပေးရမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၏ ပြောဆိုမှုနှင့်ပတ်သက်ပြီး ၀န်ကြီးတပါးအနေဖြင့် နိုင်ငံ၏ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟုသာယူဆမိပါတယ်။ တရုတ်နိုင်ငံခြားရေး ၀ါဒကို ပြန်သုံးသပ်သင့်ပါပြီ။ Superpower နိုင်ငံကြီးတစ်နိုင်ငံဘေးမှာ နေထိုင်ရတဲ့အခါ သတိဆိုတာ အမြဲတမ်းရှိရပါ တယ်။ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ နောက်ဆုတ်သွားမယ်လို့ တရုတ်သံအမတ်ကြီးက ပြောတာ ကျွန်တော် တို့ဝမ်းမနည်းပါဘူး။ သိက္ခာရှိပြီး ပွင့်လင်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုသာ ကျွန်တော်တို့လိုပါတယ်။ တရုတ်အနေနဲ့ အိမ်နီးချင်း မိတ်ဆွေကောင်း ဖြစ်လာရင် ကျွန်တော်တို့က မိတ်ဆွေကောင်းပီသမှာ ဖြစ်ပါတယ်။ အာဆီယံမှာ မြန်မာနိုင်ငံဟာ တရုတ်ရဲ့မိတ်ဆွေ ဖြစ်ဖို့က တရုတ်အပေါ်မှာ တည်ပါတယ်။တရုတ်အစိုးရအနေနဲ့ ကချင် ဒေသငြိမ်းချမ်းရေး၊ ၀ဒေသမှ ဒေသခံမြန်မာနိုင်ငံသား တိုင်းရင်းသားစစ်စစ်တို့ အချုပ်အခြာအာဏာရှိရေး၊ သိက္ခာရှိပြီး မျှတတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်အောင် ပြန်လည်သုံးသပ်ရေး၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖွံ့ဖြိုးရေး တည်ငြိမ်ရေးမှာ ကူညီရေး အစရှိတာတွေကို သိသာထင်ရှားအောင် လုပ်ပြရမယ့် အခြေအနေရောက်နေပါပြီ။
မြန်မာနိုင်ငံ သမိုင်းရာဇဝင် အဆက်ဆက် တရုတ်တို့သည် ဗျူစောထီးမင်း လက်ထက်တွင် တစ်ကြိမ်၊ နရသီဟပတေ့ လက်ထက်တွင် တစ်ကြိမ်၊ မင်းခေါင်ကြီး လက်ထက်တွင် တစ်ကြိမ်၊ ထူပါရုံ နရပတိ လက်ထက်တွင် တစ်ကြိမ်၊ ပင်းတလဲနှင့် ပြည်မင်း လက်ထက်တွင် တစ်ကြိမ်၊ တရုတ်တို့ အကြိမ်ကြိမ် လာရောက်ကျူးကျော်မှု၊ ဝင်ရောက် စွက်ဖက်မှုတွေ ရှိခဲ့ပါတယ်။အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းသည်ပင်လျှင် မြန်မာ့လွပ်လပ်ရေးအတွက် တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှုကို မျှော်လင့် တောင်းခံခဲ့ကြပေမဲ့ ရရှိခဲ့ခြင်း မရှိသဖြင့် ဂျပန်သို့ ဆက်လက် ချဉ်းကပ်ခဲ့ရပါတယ်။ ကမ္ဘာနှင့် အဝန်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ မြှင့်တင်ဘို့ကိစ္စမှာ တရုပ်က စိတ်မဝင်စားပါဘူး မြန်မာ့အရေးအပေါ် စိတ်ဝင်စားမှုဆိုတာ ပိုလို့တောင်နဲပါသေးတယ်။
တရုတ်နိုင်ငံမှ ဘိန်းစိုက်ပျိုးသည့် အလေ့အထများကြောင့်မြန်မာနိုင်ငံသို့ ကူးစက် ခဲ့ရသဖြင့် ယခုအခါ ဘိန်းထုတ်လုပ်သည့် နိုင်ငံအဖြစ် နံမည်ပျက်ခဲ့ရပါတယ်။ကုလသမဂ္ဂ အစီရင်ခံစာ တင်ပြချက်အရ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံသည် မူးယစ်ဆေး (ရာဘ) ထုတ်လုပ်မှု အများဆုံး စံချိန်တင်ခဲ့ပါတယ်။တရုတ်လူမျိုးများကြောင့် တချို့ ရှမ်းယောင်္ကျားများမှာ ဘိန်းရှူသည့် အလေ့အကျင့် ဖြစ်လာပြီး ရှမ်းအမျိုးသမီးများက ရှာဖွေကျွေးမွေးရသည့်ဘဝမှ ရုန်းမထွက်နိုင်ဘဲ ဒုက္ခတောထဲကို သက်ဆင်းခဲ့ရပါတယ်။ ဘိန်းဘုရင် တွေ နဲ့  စီးပွားဖက်လုပ် ပြီး စစ်တပ် ခရိုနီ လုပ် တဲ့ လမ်းစကို စစ်ဗိုလ်ချုပ် တွေ က ပို ပြီး ပတ်သက်ခဲ့ကြတယ်။ကိုးကန့် ခေါင်းဆောင်များ လက်နက် ငယ်များ တရားဝင် ကိုင် ဆောင်ခွင့် ကို မြန်မာ စစ်ထောက်လှမ်းရေး အကြီး အကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့် ၏ အမိန့် ဖြင့် ခွင့် ပြု ထား ခဲ့တယ်။
မြန်မာနဲ့တရုတ်အစိုးရရဲ့ ဆက်ဆံရေးက အရင်ကတည်းက မရှင်းပါဘူး။အိမ်နီးချင်းတယောက်ထက် ပိုတဲ့ ချစ်ကြောက်ရိုသေမှုမျိုးရှိတာကတော့ အမှန်ပဲဖြစ်ပါတယ်။ အဓိကကတော့ တရုပ်အကျိုးစီးပွားအတွက်ပါဘဲ။မြန်မာနိုင်ငံရဲ့ သဘာဝ အရင်းအမြစ်တွေကို ဆက်လက်ရရှိဘို့အတွက် တရုပ်ကနေပြီး နိုင်ငံရေးထောက်ခံမှုပေးခြင်း လက်နက်ရောင်းချပေးခြင်း အတိုးမဲ့ ခြေးငွေ ထောက်ပံ့ပေးခြင်း စတာတွေနှင့် ပံ့ပိုးကူညီ ပေးနေခြင်းသာဖြစ်ပါတယ်။တရုတ်နိုင်ငံကြီး၏ ခေတ်သစ် နယ်ချဲ့ စနစ်သစ်ဖြစ်သော နှစ်နိုင်ငံ အကျိုးတူစီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး မဟာဗျူဟာအတွင်းသို့ အုပ်ချုပ်သူ လူတန်းစားနှင့် စစ်ခရိုနီကြီးများ၏ အကျိုးစီးပွားဖြစ်သော (နိုင်ငံအတွက်မပါ) လုပ်ငန်းအများစုမှာ သပ်လျှိုဝင်ရောက်နေကြခြင်းပင်ဖြစ်ပါတယ်။
တရုတ်မှ နယ်စပ်နိုင်ငံများအားလုံးကို ၀ါးမြိုနိုင်ရေး အတွက် ဗဟိုမှ မူဝါဒသာ ချမှတ်ပေးပြီး သက်ဆိုင်ရာ နယ်စပ်ပြည်နယ် အုပ်ချုပ်ရေးမှူး များအား ကိုင်တွယ် စေခြင်းမှာ ပီကင်းဗဟိုရဲ့ ပေါ်လစီဘဲဖြစ်ပါတယ်။ တရုတ်ဟာ မြန်မာနိုင်ငံအား ၎င်းရဲ့အာဏာသက်ရောက်စေဖို့ ရေရှည် စီမံကိန်းများဖြင့် လုပ်ဆောင်ခဲ့ပါတယ်။နိုင်ငံရဲ့ လူဦးရေအများစု အလုပ်လက်မဲ့ ဖြစ်ရခြင်း၊ ဆင်းရဲမွဲတေခြင်းရဲ့ ပြဿနာအရင်းခံမှာ တရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့ ဧရာဝတီမြစ်ဆုံ စီမံကိန်း၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် ရှမ်းပြည်နယ်များမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် သို့ သွယ်တန်းဖောက်လုပ် ထားတဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းတွေကို မြေယာသိမ်းကြေး လုံလောက်စွာ မပေးတာ၊ စီမံကိန်းလုပ်သား တွေကို တရုတ် လုပ်သားများနှင့် တန်းတူလခမပေးတာတွေ နှင့်လယ်ယာမြေတွေကို မတရားသဖြင့် သိမ်းယူခြင်း ကြောင့်ပင်ဖြစ်ပါတယ်။ စီမံကိန်းတွေ ကြောင့် လယ်သမားတို့ရဲ့ ဘဝတွေ ဗိုလ် ကျ အနိုင်ကျင့်ခံရတယ်။ မထီမဲ့မြင်ခံရတယ်။ ထမင်းအိုးလည်းကွဲ နေစရာပါပျောက် အောင် မိမိတို့ကိုယ်ကျိုးအတွက် ရက်ရက်စက်စက် လုပ်ရက်လိုက်ကြတာ။
တရုတ်နယ်စပ်နဲ့ ထိစပ်နေတဲ့ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ သဘာဝသစ်တောများမှ သစ်များကို တရုတ်တို့နဲ့ ၄င်းတို့ရဲ့ လက်ပါးစေ နယ်မြေခံများက တရားမ၀င် ခုတ်လှဲပြီး တရုတ်ပြည်ဘက်ကို ခိုးထုတ်နေခဲ့ကြတာလည်း ဆယ်စုနှစ်တစ်ခုမက ပါဘဲ။အဲဒီလို ခိုးထုတ်နိုင်အောင် မြန်မာစစ်တပ်က တိုင်းမှူးအပါအ၀င် ထောက်လှမ်းရေး တပ်မှူး၊ ဗျူဟာမှူး၊ စစ်ကြောင်းမှူး၊ တပ်ရင်းမှူး၊ တပ်ခွဲမှူးများသာမက ဒေသဆိုင်ရာ အုပ်ချုပ်ရေးဌာနများ၊ ရဲ၊ ဌာနဆိုင်ရာ၊ သစ်တောဌာန စတဲ့ တာဝန်ရှိသူအားလုံးဟာ တစ်နည်းမဟုတ်တစ်နည်း ပါဝင် ပတ်သက်ခဲ့ကြပါတယ်။
ရာသီဥတု ဘာဖြစ်လို့ ယခင်ကထက် ပိုပူလာရတာလဲ။ နေအပူချိန် လေအပူရှိန်ကို ထိန်းညှိပေးတဲ့ သစ်ပင်တွေ နည်းပါးသွားလို့၊ သစ်တောတွေ နည်းပါး သွားလို့ပါပဲ။ သဘာဝ အလျောက် စီးဆင်းနေတဲ့ မြစ်ချောင်းတွေကို ပိတ်ဆို့ပြီး ရေလှောင်တမံ တည်ဆောက်ခြင်းဟာ မြစ်ချောင်းတွေရဲ့ သဘာဝ ရေစီးရေလာကို ပျက်စီးစေပါတယ်။ မြစ်ဝှမ်းအတွင်းမှာ ရေစီးရဲ့ ပမာဏ၊ အရည်အသွေး၊ နုန်းပို့ချမှု ပုံသဏ္ဍာန်နဲ့ ရေ အသုံးချမှုပုံစံတွေလည်း ပြောင်းလဲကုန်ပါတယ်။ တကယ်လို့ တရုတ်နိုင်ငံကသာ မြန်မာနိုင်ငံအတွက် သာဘာဝ ၀န်းကျင်ဆိုင်ရာတွေကို အမှန်တကယ် ပူပန်ပြီး ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးမှုတွေကို ရည်မျှော်တယ်ဆိုရင်လူသားတို့ရဲ့ လူနေမှုဘ၀တွေကို ဘေးဒုက္ခ ရောက်စေခြင်း သက်ရှိ သတ္တ၀ါတွေ၊ လူသားတို့ရဲ့ လူနေမှု ဘ၀တွေနဲ့ ဆက်စပ်နေတဲ့ မြစ်ချောင်းတွေကို ထိန်းသိမ်းကာကွယ်ဖို့ တောင်တန်းတွေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ဘို့ စီမံကိန်းတွေတိုင်းမှာ စည်းကမ်းတကျ နိုင်ငံတကာစံချိန်မှီ စနစ်တကျ လုပ်ဆောင်ဘို့ဂရုစိုက်ရမှာပေါ့။
လက်ပန်းတောင်းတောင် ကြေးနီသတ္ထုစီမံ ကိန်းနယ်မြေမှာဆိုရင်လည်း အဝီစိတွင်း (ဝါ) ပြွန်စိုက်တွင်းမှ အတောင် ၆၀ အနက်ကို ရေစုပ်စက်ဖြင့် စုပ်တင်ယူထားသော မြေအောက်ရေကို လေ့လာကြည့်တဲ့ အခါ ထိုရေကို တိုက်ရိုက်သောက်သုံး၍မရဘဲ ကွန်ကရစ်စည်ပိုင်းများဖြင့် နှစ်ဆင့်ခံပြီးမှသာ သုံးစွဲနှိုင်ကြောင်း ရေ၏ အရည်အသွေးအနေဖြင့် လည်း အရောင်အနံ့အရသာတို့မှာ ပုံမှန်မဟုတ်ဘဲ အနည်းငယ်ထူးခြားနေကြောင်းကို တွေ့ရှိခဲ့ကြတယ်လို့ဆိုပါတယ်။အက်ဆစ်ပန်းခြင်း(နည်းပညာ) ရေဆိုးရေညစ်ထုတ်သော နည်းစနစ် မမှန်မှု ကြောင့်ဖြစ်ပေါ်လာသော လူမှုပတ်ဝန်းကျင် သဘာဝပတ်ဝန်းကျင် ဆိုးကျိုးများပင်ဖြစ်ပါတယ်။ဓာဓုဗေဒ ပစ္စည်းများ ယိုစိမ့်မှုနှင့် ရေဒီယိုဓာတ်ကြွပစ္စည်းများအား ပါတ်ဝန်းကျင်မထိခိုက်အောင် စနစ်တကျစီမံ ဆောင်ရွက်ပေးရန် လိုအပ်ပါတယ်။ နေ့စဉ် ကြေးနီသန့်စင်ရန်အတွက် အသုံးပြုပြီး စွန့်ပစ်မှုဘေးထွက်ဆိုးကျိုးများကို ဒေသခံများနှင့် ချင်းတွင်းမြစ်သို့ တိုက်ရိုက်ခံစားလာရမှာပင်ဖြစ်ပါတယ်။
တရုတ်ပြည်သို့ ထွက်ပေါက်ပြုကာ ရှည်လျားလွန်းလှသည့် ဓါတ်ငွေ့ပိုက် အပူလိုင်းများ သွယ်တန်း၍ ရွှေဂတ်စ် သယ်ယူရေးစီမံကိန်းကို ဆောင်ရွက်ထားမှု၏ ကြီးမားလှသည့် အန္တရာယ်ကလည်း မြန်မာနှင့်တရုတ် ဆွေမျိုးပေါက်ဖေါ်ဆိုတဲ့ စည်းဖေါက်ခဲ့ပါလျှင် ဆည်ရေကာတာများ ရေလျှံကျိုးပေါက် ချိုးဖေါက်ခံဘဝနှင့် ရွှေဂတ်စ်မီးကြောင့် မြန်မာပြည်မီး ဟုန်းဟုန်းတောက်မည့် အရေးက နိုင်ငံနှင့်လူမျိုး ပျောက်ပျက်မည့် ကိန်းပင်ဆိုက်နေပါတယ်။ ထို့ပြင်မက ကျောက်ဖြူမြို့တွင် ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးအတွက် ကျောက်ဖြူလေယာဉ်ကွင်းသစ် ဖောက်လုပ်ရေးရေနံနှင့် ဓါတ်ငွေ့ ပိုက်လိုင်းနှင့် အပြိုင်မီးရထား လမ်းများ ကို တရုတ်ပြည်ရှိကူမင်းမြို့အထိ ဖောက်လုပ်ခွင့် ပေးလိုက်တာကလည်း တရုတ်ပြည်မှ အိန္ဒိယ သမုဒ္ဒရာသို့ တိုက်ရိုက်စစ်ရေး အတွက် တရုတ်နိုင်ငံကို လမ်းကြောင်းဖွင့်ပေးလိုက် သလိုဖြစ်နေပါတယ် ။ တရုတ်ဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေရဲ့ ကျေးဇူးရှင် မဟုတ်ရုံသာမက မိတ်ဆွေကောင်းတစ်ဦး မဟုတ်ပါဘူး။ အိမ်နီးချင်းတစ်ဦး သာဖြစ်ပါတယ်။တရုတ်အစိုးရက သူ့ရဲ့ကိုယ်ကျိုးစီးပွား ကာကွယ်ဖို့ပဲ အာရုံစိုက်ပြီး မြန်မာ ပြည်သူတွေရဲ့ဆန္ဒကို အလေးမထားဘဲ အစိုးရကို ဖိအားအမျိုးမျိုးပေးနေခဲ့တာ တွေ့ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲကို အသိအမှတ် ပြုတာမျိုး၊ မြန်မာပြည်သူတွေကို အလေးထားတာမျိုး လုံးဝမပြသခဲ့ပါဘူး။
စိတ်မကောင်းဖြစ်မိတာ တခုက တိုင်းပြည် အကြီးအကဲ အမည်ခံများ လျှောက် လှမ်း နေတဲ့ ခရီးလမ်းက အာဏာတည်မြဲရေး အတွက် ဖြစ်နေလို့ ဥပဒေအမျိုးမျိုးချကာ နှိပ်ကွပ် နေပြီး လူတကာကို လှည့်စားဖို့ သာကြိုးစားပြီး ပြည်သူလူထုရဲ့ မှီခိုအားထားရာ တခါမှ စိတ်ကူးရှိဟန် မတူပါဘူး။ ပြည်သူ လူထု အတွက် စဉ်းစားဖို့ ဆိုတာ အချိန်မရကြတာ အသေအချာပါဘဲ။မြန်မာ့နိုင်ငံရေးမှာ အရပ်သားရဲ့ အခန်းကဏ္ဍ ပျောက်သွားစေရန် ၂၀၀၈ ဖွဲ့စည်းပုံအား မဖြစ်ဖြစ်အောင် ပုံဖေါ်ခဲ့ပြီးပါပြီ။ဒါကိုကြည့်ရင် သာမန်အရပ်သား ဒီမိုကရေစီနိုင်ငံရေးဆိုတာ ဝေးပါသေးတယ်။ ခြေတစ်လှမ်း လှမ်းဖို့နေနေသာသာ လှမ်းမယ့် ခြေထောက်တွေကို ရိုက်ချိုးထားပြီး ဖြစ်နေပါပြီ။
နိုင်ငံရဲ့ စီးပွားရေးအသက်သွေးကြော တစ်ခုလုံးကို ပင် ဦးပိုင်မှ ဝါးမြိုထားပါတယ်။ စစ်အုပ်စုနှင့် သူတို့၏ နီးစပ်ရာများ သားသမီးများ တပ်မတော် အရာရှိကြီးအချို့နှင့် ၎င်းတို့နှင့် ပတ်သက် ဆက်နွယ်သူများသာ ကောင်းစားလာပြီး ပြည်သူလူထုမှာတော့ကျောမွဲဘဝက မတက်နှိုင်ဖြစ်နေရပါတယ်။ မြန်မာစီးပွားရေး ဦးပိုင်လီမီတက်ဟာ နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်း အားလုံးနီးပါးကို ချုပ်ကိုင်ထားပြီးပြည်သူလူထုများထဲမှ စီးပွားရေး လုပ်ငန်းရှင်များသည် စီးပွားရေးဦးပိုင် လီမီတက်နှင့် ယှဉ်ပြိုင်၍ လုပ်ကိုင်ပါက ဆုံးရှုံးလိမ့်မည်သာ ဖြစ်ပါတယ်။အခုတော့ မြန်မာနိုင်ငံမှာက လက်လုပ်လက်စားနဲ့ ဝန်ထမ်းများသာ ပုတ်ပွလို့ ထနေတယ်။ သူတို့ အလုပ်လုပ်နေတဲ့ ရည်ရွယ်ချက်ကို မယုံလျှင် သွာမေးကြည့်ပါ။ စားဖို့အတွက်နဲ့ အတိုအထွာလေး ဝယ်နိုင်ဖို့ကသာ သူတို့ရဲ့ အကြီးမားဆုံး ရည်ရွယ်ချက် ဖြစ်နေပါလိမ့်မယ်။ အဘယ်မျှ စိတ်ထိခိုက်စရာ ကောင်းလိုက်ပါသလဲ။ ကားဝယ်ဖို့၊ တိုက်ဝယ်ဖို့က သူတို့ရဲ့ အိပ်မက်ထဲမှာတောင် ထည့်ပြီး မမက်ဝံ့သော စည်းစိမ် အရာဝတ္ထုများသာ ဖြစ်နေပါလိမ့်မယ်။
အရင် အစိုးရလက်ထက်မှာမကဘဲ အခု အစိုးရလက်ထက်မှာပါ ရန်ကုန်၊ မန္တလေးက မြေတော်တော်များများဟာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ခရိုနီတွေနဲ့ တာဝန်ရှိသူအချို့ရဲ့ မိသားစုဝင်တွေ၊ မြေဈေးကစားသူတွေ လက်ထဲကို တရားဝင် ရောက်ရှိသွားခဲ့ပါတယ်။မန္တလေး၏ အချက်အခြာကျသော နေရာအားလုံးလိုလို၊ စီးပွားရေးလုပ်ငန်းအားလုံးလိုလိုသည် တရုတ် အမျိုးသားတို့လက်တွင်း သို့ကျရောက်ခဲ့ကြရပြီးမန္တလေးသားတို့မှာ မြို့စွန်၊ မြို့ဖျား ရေမရ၊ မီးမလာသော ဆင်ခြေဖုံးရပ် ကွက်များသို့ လွင့်ပါးသွားခဲ့ကြရပါတယ်။နိုင်ငံတော်ဆိုတာဘာလဲ နိုင်ငံတော်ထဲမှာ ပြည်သူတွေကောပါလား ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က အရေးကြီးလှပါတယ်။

ဇော်ဝမ်းမောင်

အေးချမ်းမွန် Credit To > သူရိယနေ၀န်း < Thankhttps://www.facebook.com/excellencemedia
7

Post a Comment

 
Top